Unicode version
"ဒီမင်းသားက မင်းကို အခုသိမ်းပိုက်တော့မှာ!"
လက်တစ်ဖက်တည်းနှင့် ရှန်ယုခါးကို ဖက်လိုက်ပြီး သူ့ရင်ခွင်ထဲ ထည့်လိုက်သည်။ ထို့နောက် စားပွဲခုံသို့ သွားကာ ပေါင်ပေါ်တွင် ထိုင်စေသည်။
ဘယ်လက်က အရက်ပုလင်းကို ကိုင်ထားသည်။
"သောက်"
ရှန်ယုသည် အရက်မသောက်နိုင်ပါ။ သူငယ်စဉ်ကလည်း တခြားသူက သူ့ကို လိမ်ပြီး အရက်သောက်ခိုင်းခဲ့ဖူးသည်။ ထိုနေ့တစ်နေ့လုံး သူနေ့မြောသွားသည်။
ရှန်ယုကို မင်းသားကို ကြည့်လိုက်ပြီးနောက် သေသေချာချာ စိုက်ကြည့်မိသောအခါ မင်းသား၏ ဩဇာကြောင့် မလွန်ဆန်ရဲ။ မင်းသား၏ အမိန့်မှာ နတ်ဘုရား၏ အမိန့်ပင်။ ရှန်ယု သေရည်ပုလင်းကို ကိုင်ကာ ပါးစပ်သေးသေးလေးဖြင့် သောက်လိုက်သည်။ ပြင်းရှသောအရက်ကြောင့် လည်ပင်းနာသွားပြီး ချောင်းဆိုးနေမိတော့သည်။ မျက်လုံးမှ မျက်ရည်စများကြောင့် သူပုံမှာ နူးညံ့၍ ချစ်စရာ ကောင်းနေတော့သည်။
မင်းသားသည် သူလက်ထဲမှ ယူလိုက်ပြီး အကုန်လုံးကို မော့သောက်လိုက်သည်။ သူသောက်နေရင် လည်သီးမှာ အပေါ်အောက်နိမ့်ချည် မြင့်ချည်ဖြစ်နေတာက အရိုင်းဆန်လှသည်။ ရှန်ယုသည် ထိုကဲ့သို့သောသူမျိုးနှင့် မတွေ့ဖူးဘူး။
"ဒါက ငါတို့ရဲ့ မဂ်လာသေရည်ပဲ"
မဂ်လာသေရည်?
မင်းသားသည် ရှန်ယုကို သူ့အောက်၌ ဖိထားပြီး သမင်သေးသေးလေးတစ်ကောင်ကို ကြည့်နေသည်။ မင်းသားသည် ပျော်ရွှင်မှုတစ်ခုကို ရသွားသည်။ သူသည် မုဆိုးဖြစ်ပြီး ထိုအလှပဂေးလေးကို စားသုံးတော့မည်။
သူမှီလိုက်ပြီး ရှန်ယု၏နှုတ်ခမ်းကို ကြမ်းကြမ်းတမ်းတမ်း နမ်းလိုက်သည်။ ပုလဲလို သွားများကို အတင်းခွာကာ ရှန်ယု၏လျှာကို ဖမ်းကာ ပွတ်သပ်နေသည်။
သူသည် အားလုံးကို အင်အားနဲ့သာ ဖြေရှင်းချင်သည်။
ရှန်ယုပါးစပ်သည် အရက်နံ့ဖြင့် ပြည့်နေသောကြောင့် ခေါင်းကို အနောက်ဆုတ်ကာ ရှောင်ဖယ်နေမိသည်။ အနမ်းပြင်းပြင်းက သူက မူးဝေလာစေသည်။
ESTÁS LEYENDO
Silent Lover (novel)
Ficción históricaBurmese translation (Both U+Z) This story doesn't belong to me. All credits go to original author Qiang Tang. ရက်စက်တဲ့ မင်းသားက ကျင်းတိုင်းပြည်ရဲ့ နံပါတ်တစ်အလှဆုံးမိန်းကလေးကို တော်ကောက်လိုက်တယ်။ သူမအစား မိန်းကလေးလိုမျိုး လှပပြီး စကားမနိုင်တဲ့ ယောင...