အပိုင်း (၁၃) မမြင်ရသောပြစ်ဒဏ်

1.8K 155 0
                                    

Unicode Version

ရှန်ယုက ပိန်ကာသေးသည်။ အခုတလောမင်းသားကို ပြန်ဆပ်ရမဲ့အကြွေးကြောင့် သူ့ကိုယ်က အားနည်းကာ အဆုံးသတ်ကို ရောက်ခါနီးနေသည်။ ကြင်ယာတော်ရဲ့ ကြမ်းတမ်းတဲ့ တွန်းလိုက်ဆွဲလိုက်ကြောင့် သူယိုင်တိုင်တိုင်ဖြစ်နေသည်။

"အစေခံမ!"

ကြင်ယာတော်က ရှန်ယုအသားကို ကိုက်ပစ်ချင်လောက်အောင် ဒေါသွက်နေသည်။ ဒေါသတကြီးနဲ့ သူ့မျက်နှာကို ရိုက်လိုက်တဲ့အတွက် ရှန်ယု ပြန်တောင်မထနိုင်ကာ မြေပေါ်လဲသွားသည်။

သူ့နားတွေ ပူထူနေသည်။ သိပ်မမြင်ရတော့ပဲ သတိလစ်ချင်နေသည်။

"ဒါက ငါ့ရဲ့ အဖိုးတန်အဝတ်စပဲ! ဘာလို့ နင့်လိုမိန်းမပျက်ကို ဝတ်ပေးထားတာလဲ? ချွတ်စမ်း! ငါပြောနေတယ်လေ ချွတ်စမ်း!"

"ကြင်ယာတော် စိတ်လျှော့ပါ။ သခင်မချန်က ခိုးထားတာမဟုတ်ပါဘူး။ မင်းသားက ပေးထားတာပါ" လို့ ဆုန်ကျွင်းက ခေါင်းငုံ့ကာ ပြောလေသည်။ သူအသံက အနိမ့်အမြင့်မပါ။

ကြင်ယာတော်က "အရှင့်သားကြောင့်သာ မဟုတ်ရင် သူ့လိုဟာမလေးက ကြင်ယာတော်ရဲ့ အဖိုး‌တန်အဝတ်စကို ထိရဲမှာတောင်မဟုတ်ဘူး! ဒီအစက ငါ့အစ်ကိုတော်ဆီကနေပြီး ငါတောင်းထားတဲ့အစ။ ဒီအစက ရွှေထက်တောင် တန်ဖိုးကြီးသေးတယ်။ သူ့လိုလူက ဝတ်ဖို့ ထိုက်တန်လို့လား? တစ်ယောက်ယောက် လာပြီး ချွတ်စမ်း!"

ရှန်ယုက ကြင်ယာတော်ရဲ့ လက်အောင်ငယ်သားတွေကို မခုခံနိုင်တော့။ သူက အတွင်းအဝတ်ကို ဝတ်ထားလို့ ရှက်စရာအခြေအနေကို မရောက်ခဲ့။

ရှန်ယုက အကျီကို ကိုယ့်ဘာသာပင် ချွတ်ပေးလိုက်သည်။ ပြီးတော့ အကျီက ပေးလိုက်သည်။

ဆုန်ကျွင်းက ရှန်ယုကိုယ်စား ရှင်းပြလိုက်သည်။ "သခင်မရှန်က ပြောတယ်။ ကြင်ယာတော် လိုချင်ရင် ပေးပါ့မယ်တဲ့။ အရှင့်သားက သူ့အတိုင်းနဲ့ ချုပ်ထားတာဆိုတော့ ကြင်ယာတော် ဝတ်လို့ရမှာမဟုတ်ဘူး..."

ဆုန်ကျွင်း ပြောလို့မပြီးခင်မှာပဲ ကြင်ယာတော်က စကားဖြတ်ပြောလိုက်သည်။

"နင့်လို အောက်တန်းစားက ဝတ်ပြီးသားကို ငါလို ကြင်ယာတော်က ဘာလို့ ဝတ်ရမှာလဲ? ငါ့ကိုပေးတယ်? နင့်ကိုနင် ဘာလို့ထင်နေတာလဲ? မင်းသနားတာကို ငါမလိုဘူး!" လို့ ဆိုကာ ကြင်ယာတော်က သွားကြိတ်ကာ ပြောသည်။

Silent Lover (novel)Where stories live. Discover now