အပိုင်း (၆၀)

772 83 1
                                    

Unicode Version

အပိုင်း (၉၂)

"ချန်ပိုင်ဝမ့် နာမည်က တော်တော်လေး အသုံးဝင်တာပဲ။ ဘယ်လိုပဲ ငါ လောဘကြီးကြီး မင်းကိုတော့ ငါ မဆွရဲဘူး"

"အ,အကျွန်လေးက ဝမ်ရယ်ရဲ့ ချစ်ရသော ကိုယ်လုပ်တော်လေး ဖြစ်သွားပြီဆိုတာကို ကြားတော့ ငါ ဘယ်လိုလုပ် ကြားဝင်ရဲမှာလဲ? အာ... ငါ အဓိပ္ပာယ်မရှိတာတွေ ပြောနေပြန်ပြီ။ အရှင် ငါ့ကို ခွင့်လွှတ်ပါ။ ငါက စနေတာပါ..."

"ငါ့ကို လေလိုသာ သဘောထားပြီး ငါ့ကို သွားခွင့်ပေးပါ..."

ကွေ့ဇီက သူ့ခေါင်းကို ငုံ့ပြီး သူ့လည်ပင်းနောက်က အေးလာသလို ခံစားရလာကာ သူ့ခေါင်းက အချိန်မရွေး ကြမ်းပြင်သို့ ကျတော့မည်ဟုပင် ခံစားနေရသောကြောင့် သူ့ကိုယ်သူ အကြိမ်အနည်းငယ် ရိုက်လိုက်သည်။

"မင်း အခုလေးတင် တစ်ယောက်ယောက်ကို မေးခဲတယ်... မင်း သခင်မကို ပြောချင်တာမလား? သူမက ရှန်အိမ်တော်မှာ မရှိတော့ဘူး"

"ဒါဆို သူမက ဘယ်မှာလဲ?"

ရှန်ယုက စိတ်ပူစွာ လက်ဟန်ပြ ပြောလိုက်သည်။ အခြေအနေကို သုံးသပ်နိုင်သော ကွေ့ဇီက ချက်ချင်း နားလည်ကာ ရှန်ယု ဘာကို ပြောချင်နေသည်ကို အနည်းနှင့်အများ ခန့်မှန်းနိုင်လေသည်။

"သူမကို အစောလေးတင်က တစ်ယောက်ယောက် လာခေါ်သွားတာ"

"ခေါ်သွားတာ?"

သူ့အမေက ရှန်အိမ်တော်၌ မည်သူမှ သတိမထားမိနိုင်သော သာမန်လူတစ်ယောက်ဟုသာ သဘောထားနိုင်သည်။ သူမကို ဘယ်သူ ခေါ် သွားတာလဲ?

"ဘယ်သူလဲ?? သူမ ဘယ်ကို သွားတယ်ဆိုတာကို ပြောသွားလား?"

"ငါထင်တာ နှစ်လလောက်တော့ ရှိပြီ ထင်တယ်? အာဏာရှိတဲ့လူတွေ ဖြစ်မယ်ထင်တယ်။ ရှန်အိမ်တော်က သူတွေကတောင် သူမကို လေးလေးစားစားနဲ့ လိုက်ပို့ခဲ့ကြတယ်။ ငါက အသုံးမကျဘူး။ အလုံးစုံကို မသိဘူး။ မင်းသိတဲ့အတိုင်းလေ သူမက ရှန်အိမ်တော်မှာ ဘယ်သူနဲ့မှ အဆက်အသွယ်ရှိတာ စကားပြောတာ မလုပ်ဘူးလေ။ ငါတို့လို နိမ့်ကျတဲ့ ကျွန်တွေက ဘယ်လိုလုပ်ပြီး သိမှာလဲ?... ငါက သူမကို မင်းခေါ်သွားတယ် ထင်နေတာ..."

Silent Lover (novel)Where stories live. Discover now