အပိုင်း (၆၃)

1.1K 105 13
                                    

Unicode Version

အပိုင်း (၉၅) 

ကျွီ....

ကျင်းဟွားလော့၏ လျှို့ဝှက်တံခါးက ကန်ကာ အဖွင့်ခံလိုက်ရပြီး ဆွဲဆောင်မှုရှိသော ပုံရိပ်တစ်ခုက တံခါးဘောင်၌ မှီနေသည်။ 

"အာ.... တော်တော်ကြည့်ကောင်းတဲ့ ပြဇာတ်ပဲ။ ဘာလို့ ကျွန်ကို ကြည့်ဖို့ ခေါ်မလာတာလဲ?"

မင်းသမီးက ရှန်ယု အလုပ်ခံနေရသည်ကို ပျော်ရွှင်စွာ ကြည့်နေတုန်း ရုတ်တရက် အနှောင့်အယှက်ခံလိုက်ရသည့်အတွက် မုန်းတီးစွာ ထိုလူကို စိုက်ကြည့်လိုက်သည်။

"မင်းဘယ်လိုလုပ် ရောက်လာတာလဲ?"

ကျင်းဟွားလော့သည် ထိုလူထိုလူ၏ အစဖြစ်ကာ တစ်ကြိမ် လာရောက်ခြင်းက သာမာန်သာ ဖြစ်လေသည်။

ဟုန်လျန်က လက်ထဲက မက်မွန်သီးအား တစ်ကိုက်ကိုက်ကာ ချဥ်သောအရသာကို ခံစားမိပြီး ကျန်အပိုင်းများကို လွှတ်ပစ်လိုက်သည်။

လူကြီးများက ဟုန်လျန်ကို မြင်တော့ လှုပ်ရှားမှုကို ရပ်တန့်လိုက်ကာ ရှန်ယု မျက်လုံးများက ဒရယ်မျက်လုံးများလို ပြူးကျယ်သွားပြီး သူကို ချုပ်ထားသော လူများလက်ထဲမှ ထွက်ပြေးလေသည်။ လက်များ ခြေထောက်များ၌ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေကာ မျက်နှာ၌ သွေးလား မျက်ရည်လားပင် မခွဲနိုင်အောင် ဖြစ်နေသည်။

"သူကို ထွက်မပြေးစေနဲ့။ သွားဖမ်းချေ" မင်းသမီးက အေးစက်စွာ အော်ဟစ်လိုက်သည်။

ဟုန်လျန်က ပါးစပ်ကို ကာကာ ရယ်ပြီး ခါးကို လိမ်ကာ လမ်းလျှောက်လာသည်။ "ဒီညစ်ပတ်တဲ့ပြည့်တန်ဆာက ကြာကြာ မနေချင်လို့ ထွက်မသွားခင်..." ဟုန်လျန်က ရှန်ယုအား လက်ညိုးထိုးကာ "ဒီကျွန်က သူ့ကို အဝေးခေါ်သွားပါ့မယ်"

"ဘာ?" မင်းသမီးက ‌ဒေါသတကြီး အော်လေသည်။ "မင်းဘာကို ဆိုလိုတာလဲ? မင်းက သူ့ကို ကယ်ပြီး ငါလို မင်းသမီးကို ဆန့်ကျင်ချင်တာလား? မင်းကို ဝမ်ရယ်နဲ့ မိတ်ဆက်ပြီး ဝမ်ရယ့် အိပ်ယာပေါ် တက်ခွင့်ရအောင် လုပ်ပေးတာ ဘယ်သူဆိုတာကို မမေ့နဲ့"

"သေချာပေါက် ဒီကျွန် မှတ်မိတာပေါ့"

ဟုန်လျန်က ပြုံးလျက်ပင်...

Silent Lover (novel)Where stories live. Discover now