Unicode Version
ရှန်ယုက သူငယ်ချင်းမဟုတ်သူ တစ်ယောက်နှင့် ငရဲတံခါးဝမှ ဖြတ်လျှောက်လာသည်။ ချန်ပိုင်ဝမ်၏ ရင်ခွင်ကို မျက်နှာအပ်ထားကာ သူ၏ရင်ခုန်သံကို နားစွင့်နေမိသည်။ ထိုရင်ခွင်က နွေးထွေူလှသည်။ ရှန်ယု နိုးနေဖို့ မနည်း ကြိုးစားနေရသည်။
"အရှင် ကျနော့်ကို အပြစ်မတင်ဘူးလားဟင်?" သူက လက်အေးအေးတို့ဖြင့် ချန်ပိုင်ဝမ်ကိုယ်ပေါ်မှာ ရေးကာ မေးလိုက်သည်။
"သေချာပေါက်ကို အပြစ်တင်တာပေါ့! တစ်ခုခုဖြစ်ရင် ကိုယ့်ယောက်ျားကို ယုံကြည်ရမဲ့အစား ထွက်ပြေးနေတာ!"
ယောင်္ကျား?!
ထိုအရာက ရှန်ယုအတွက် အနေရခက်စေသော စကားလုံးပင်။ ယောင်္ကျားတစ်ယောက်က နောက်ယောက်ျား တစ်ယောက်ကို ဘယ်လိုလုပ် ခင်ပွန်းအဖြစ် သဘောထားလို့ ရမှာလဲ? ချန်ပိုင်ဝမ်က ထိုအရာကို ကြေညာပြီးပြီ။ ပြန်တွေူရင်တော့ သူတောင် ယောင်္ကျားလေးကိုယ်လုပ်တော် ဖြစ်သေးတာပဲ။ ခင်ပွန်းဆိုတာက အရှက်မဲ့တဲ့အရာ မဟုတ်ပါဘူး။ ထိုစကားက သူ့ကို လုံခြုံတယ်လို့ ခံစားရစေသည်။
"ဘာလဲ? ငါ့ကို ထက်ပြီး ငြင်းပယ်ချင်နေတာလား? ဟိုကို ပြန်သွားပြီး ကျွန်လုပ်မလို့လား?" ချန်ပိုင်ဝမ်၏ထူထဲသော မျက်ခုံးတို့က မျက်မှောင်ကျုံ့နေကာ ခန့်ညားသောအသွင်က သူရဲကောင်းဆန်သော အငွေ့အသက်က ထွက်ပေါ်နေသည်။
"မလုပ်ရဲပါဘူး" ရှန်ယုက ချန်ပိုင်ဝမ်၏ ဝတ်ရုံကို တင်းတငဆုပ်ကိုင်ထားသည်။ ဒီလူက စကားပြောကြမ်းသည်။ မနာခံလို့ မဖြစ်။ ကြမ်းပေမဲ့ ချိုသာသည်။ ထိုချိုသာမှုက ရှန်ယုနှလုံးသားကို အရည်ပျော်ကြစေသည်။
"မလုပ်ဖို့ မျှော်လင့်ကတာပဲ။ အခုတော့ လုပ်ထားတဲ့ အရှုပ်တွေကို ဘယ်လို တောင်းပန်ပြီး ငါစိတ်ကျေနပ်အောင် လုပ်ပေးမှာလဲ?"
ရှန်ယု မဖြေနိုင်။ သူ့မှာ ငွေရော လက်ဝတ်လက်စားတို့က မရှိ။ အာဏာလည်းမရှိ။ နေရာလည်းမရှိ။ ချန်ပိုင်ဝမ်မှာက အကုန်ရှိနေသည်။ အရင်က ရှန်ယုက အလုပ်ကြမ်းတွေ လုပ်ခဲ့ဖူးပေမဲ့ အခုတော့ မလုပ်နိုင်တော့။ သူက ဘယ်လိုများ အရှင့်ကို သိတ်ကျေနပ်အောင် လုပ်နိုင်မှာလဲ? သူထိုအကြောင်းကိုလည်း မတွေးဘဲ မနေနိုင်။ သူ့ကိုယ်ကို သုံးပြီး ကျေနပ်အောင် လုပ်တာက လွဲလို့ ကျန်တာ မလုပ်နိုင်။
VOCÊ ESTÁ LENDO
Silent Lover (novel)
Ficção HistóricaBurmese translation (Both U+Z) This story doesn't belong to me. All credits go to original author Qiang Tang. ရက်စက်တဲ့ မင်းသားက ကျင်းတိုင်းပြည်ရဲ့ နံပါတ်တစ်အလှဆုံးမိန်းကလေးကို တော်ကောက်လိုက်တယ်။ သူမအစား မိန်းကလေးလိုမျိုး လှပပြီး စကားမနိုင်တဲ့ ယောင...