အပိုင်း ၂၁

1.1K 163 12
                                    

သုံးလောကသည် အလွန် အေးချမ်းလျက်ရှိသည်။ နတ်ဘုရားတွေသည် မိစ္ဆာတွေ၏ ခြေငြိမ်နေမှုကြောင့် စိုးရိမ်ရန် မ၇ှိတော့လေရာ အခြားအကြောင်းအရာတွေကိုသာ အာရုံစိုက်နေကြလေတော့သည်။ နတ်တွေ အပြောအများဆုံး သတင်းသည် သီနှင့် ကျူးယင်၏ သတင်းဖြစ်သည်။ ထို့အပြင် ပျောက်ဆုံးနေသော ကောင်းကင်အိမ်ရှေ့စံနှင့် မိစ္ဆာသားတော်တို့၏ အကြောင်းလည်း ပါသည်။ သူတို့၏ အကြောင်းပါသည်နှင့် ကျူးယင်က ပါလာရသည်။ ထိုသို့ဖြင့် ထိုသတင်းတွေက တစ်ဆက်တည်း ဖြစ်နေလေတော့သည်။

ကောင်းကင်နန်းတော်ရှိ ညီလာခံ ခန်းမထဲတွင် မျိုးနွယ်စုတွေမှလွဲပြီး အခြားသော နတ်ဘုရားတိုင်း တက်ရောက်ရလေသည်။ ကျူးမျိုးနွယ်သည် တစ်ကြိမ်မျှ မတက်ဖူးသော်လည်း ယခုမူ ထူးခြားစွာဖြင့် ကျူးလင်က ရောက်နေခဲ့ကာ နဉ်၏ အနားတွင် ရပ်နေသည်။ သီက ကျူးလင်ကို တစ်ချက် ကြည့်ပြီးမှ အကြည့်ပြန်လွှဲသည်။ ကျူးမျိုးနွယ်တွေကို သူ သဘောမကျပေ။

ခန်းမတစ်ခုလုံးဟာလည်း တိတ်ဆိတ်နေကြကာ လောကအ၇ှင်ကိုသာ ကြည့်နေရလေသည်။ သူတို့၏ ကိုယ်တွင်လည်း အကာအကွယ် အစီအရင်တွေကို ခင်းကျင်းထားရသည်။ သူတို့က မည်မျှပင် နတ်ဘုရားတွေ ဖြစ်နေစေကာမူ အရှင်ကသာ စိတ်မကျေနပ်လျှင် သူတို့ မီးကျွမ်းသွားနိုင်ပေ၏။

သီက အားလုံးကို တစ်ချက်ဝေ့ကြည့်ပြီးမှ စစ်ချီကို ကြည့်သည်။ စစ်ချီက ခေါင်းတစ်ချက် ငြိမ့်ကာ ပြောသည်။

" ဒီညီလာခံရဲ့ ရည်ရွယ်ချက်က သုံးလောကအတွက် အရေးကြီးတဲ့ ခွင့်ပြုချက် တောင်းခံချင်လို့ပါ အ၇ှင် "

သီက စစ်ချီကို မျက်နှာသေနှင့်သာ ကြည့်သည်။ စင်စစ် သုံးလောကအကြောင်းအရာတွေကို သူ စိတ်မ၀င်စားပေ။ သို့သော် ထိုသို့တွေးပြီးသည်နှင့် သူ ထိတ်လန့်သွားရသည်။ သူက ထိုမျှ အသည်းမာသူမဟုတ်ပေ သို့သော် သူ ထိုသို့တွေးမိလိုက်၏။ သီ ထိတ်လန့်သွားရသည်။ တစ်ဆက်တည်းတွင်ပင် သူက မည်သည်ကို စိတ်ဝင်စားသနည်းဟု တွေးမိကာေ၀၀ါးသည့် ပုံရိပ်တစ်ခုကို မြင်ယောင်သည်။ သူ အသက်၇ှူပင် အောင့်လိုက်မိ၏။ ထိုအချိန်တွင်ပင် ခပ်သြသြ အသံက ထွက်လာသည်။

YING &YANG ....Volume3 of Becoming Empress COMPLEDWhere stories live. Discover now