အပိုင်း၁၁

1.4K 202 2
                                    

Zawgyi

ခန်းမကျယ်ကြီးထဲတွင်တော့ လုံညီအကိုတွေ စုဝေးနေသည်။ အိပ်ချင်ပြေသေးပုံမရသည့် အရှေ့ပင်လယ်ရဲ့ဆက်ခံသူနတ်နဂါး လုံတုံး၊ ခပ်တင်းတင်းမျက်နှာထားနဲ့ အနောက်ပင်လယ်ရဲ့ အကျော်ကြားဆုံးသောနတ်နဂါး လုံရှန့်ရှီ၊ ပြောင်ချော်ချော်မျက်နှာနဲ့က တောင်ပင်လယ်က နတ်နဂါးလုံနန်ဖြစ်ပြီး ယပ်တောင်တဖျက်ဖျက်ခတ်လိုက် ဆံပင်ကို နောက်ပို့လိုက်၊ရှေ့ပို့လိုက်လုပ်နေတဲ့သူကတော့ မြောက်ပင်လယ်က နတ်နဂါးလုံပိုင်တို့ဖြစ်သည်။

လုံရှန့်ရှီက စိတ်ရှည်တော့ပုံမရတော့ဘဲ ကျောက်စိမ်းစားပွဲကို ထုချလိုက်တော့ အက်ရာထင်သွားပေမယ့် ခနချင်းမှာပင် ပြန်ကောင်းသွားသည်။ ကောင်းကင်နန်းတော်က ပစ္စည်းတွေက တစ်စုံတစ်ရာကိုကျင့်သားရနေတဲ့အလား အလိုလိုပြန်ကောင်းနိုင်စွမ်းရှိအောင် ပြောင်းလဲဆောက်လုပ်ထားခြင်းဖြစ်သည်။

သို့သော်ထိုအသံက ကျယ်သည်ဖြစ်ရာ အိပ်ငိုက်နေတဲ့လုံတုံးခမျာ ခုံပေါ်က ပြုတ်ကျတော့သည်။ သူက အခုမှ မျက်လုံးပြူးသွား၏။

လုံနန်က တခွီခွီရယ်သည်။ လုံပိုင်ကတော့ သူ့ဆံပင်နဲ့အ၀တ်ကိုသာ သနေပြန်၏။

လုံရှန့်ရှီ:"စစ်ဝူရှဲ့က နန်းတော်မှာမ၇ှိတာတောင် ငါ့ကိုဒုက္ခပေးနေတုန်းပဲ။ ငါ့မှာ တက်စရာအစည်းအဝေးတွေဘယ်လောက်များလိုက်လဲ.... "

အနောက်ဘက်က အကိုကြီးက အလကားနေစိတ်တိုတတ်ပြီး ပွစိပွစိပြောတတ်တာကို အငယ်တွေကကျင့်သားရနေပေမယ့် ဒီအတိုင်းတိတ်နေလို့ကလည်းမဖြစ်ပြန်။

ထို့ကြောင့် ခပ်သွက်သွက်လုံနန်ကပဲ

" အနောက်ဘက်က အကိုကလည်း စိတ်လျှော့ပါ အိမ်ရှေ့မင်းသားအကြောင်းမင်းသိတာပဲလေ။ ပြီးတော့ သူက နတ်ဘုရားဖြစ်နေပြီ ငါတို့အရင်လို ခေါ်ချင်တိုင်းခေါ်လို့မရတော့ဘူးရှန့်ရှီရ ... အခု သူပျောက်သွားတာကလည်း တစ်နေရာရာမှာ ကျိတ်ပြီး ကျင့်ကြံနေတာဖြစ်မှာ ငါက ဒီကောင် အဲ အိမ်ရှေ့မင်းသား ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံရင် နှောင့်ယှက်ဖို့ တွေးထားတာကို"

YING &YANG ....Volume3 of Becoming Empress COMPLEDWhere stories live. Discover now