ကျူးယင်သည် အလွန်လှ၏။ သူ၏ အလှကြောင့် တောင်တွေ ပြို၊ ရေတွေခမ်းပြီး လေတောင် ရပ်တန့်သွားရလောက်အောင် ပြိုလဲစေနိုင်စွမ်းသည်။ ယန်စွမ်းအင် အပြည့်အ၀ ပိုင်ဆိုင်ထားသည့် သီသည် ထိုယင်၏ လွှမ်းမိုးမှုအား တောင့်ခံနိုင်စွမ်း မ၇ှိချေ။ သူ၏ နားထဲတွင် ကျူးယင်အား ၀ဲနေသည့် အစိမ်းရောင် အလင်းစက်တွေ၏ အချင်းချင်း ပွတ်တိုက်မိကိုသာ ကြားရသည်။ သူ၏ မျက်လုံးထဲတွင် ပြစ်ချက်မ၇ှိ ပြီးပြည့်စုံလှသည့် အလှတရားကိုသာ မြင်သည်။ သူ၏ နှာခေါင်းကလည်း ကျူးယင်၏ ဆွဲဆောင်မှု ပြင်းသော သင်းရနံ့ကိုသာ ရသည်။
သူ၏ လက်တို့ဖြင့် အလွန်တရာ နူးညံ့နေလောက်သော ကျူးယင်ကို သိမ်းဖက်လိုက်ချင်သည်။ ကျူးယင်၏ အလှတရားကို သူ၏ အ၇ှိန်အ၀ါတွေဖြင့် ဖုံးကွယ်ကာ သိမ်းဆည်းထားချင်သည်။
သီက လက်ကို မြှောက်ကာ ကျူးယင်၏ ပါးပြင်ကို ထိသည်။ ကျူးယင်ဟာ သီ၏ မျက်ဝန်းကိုသာ ပြုံးရင်း စိုက်ကြည့်နေပါ၏။ သီ၏ လက်သည် နူးညံ့လွန်းလှသည့် အထိအတွေ့ကို ခံစားရကာ သီ၏ တစ်ကိုယ်လုံး ဖြန်းခနဲဖြစ်လာလေတော့သည်။ သူ၏ သွေးတွေက ဆူပွက်လာကာ သူ၏ ကိုယ်မှလည်း အနက်ရောင် စွမ်းအင်တွေ ဖြာထွက်လာလေတော့သည်။ ထိုစွမ်းအင်တွေသည် ကျူးယင်အတွက် မိန်းမောစေနိုင်သော်လည်း အခြားသော သက်၇ှိတိုင်းအတွက် ကပ်ဘေးသာလျှင် ဖြစ်သည်။
ယင်စွမ်းအင်သည် ကုသခြင်း စွမ်းအင်ဆိုလျှင် ယန်ကတော့ သေဆုံးခြင်း၊ ဖျက်ဆီးခြင်း ဖြစ်သည်။ ယန်စွမ်းအင် ထွက်ပေါ်လာသည်နှင့် သက်၇ှိတွေ၏ ပျက်ဆီးခြင်းက စတင်သည်။ သီ၏ မျက်ဝန်းတွေက အနက်ရောင် ပြောင်းသွားကာ ဆံပင်တွေကလည်း မည်းနက်သွားလေပြီး ရှည်ထွက်လာသည်။ ထိုဆံပင်ရှည်တွေသည် ကျူးယင်ကို မြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်သည်။ ကျူးယင်၏ ကိုယ်သင်းနံ့တိုင်းက သီ၏ စုပ်ယူ ရှူသွင်းမှုကို ခံရသည်။
ကျူးယင်၏ ကိုယ်က သီ၏ ဖက်တွယ်မှုကြား ညပ်သွား၏။ ကျူးယင်၏ တစ်ကိုယ်လုံး အနှံ့ ဆံပင်တွေ ရစ်တွယ်ကာ ဖုံးလွှမ်းသွားသည့်အပြင် အနက်ရောင် မြူထုဟာလည်း ပြန့်နှံ့လာချေပြီ။ ထိုအနက်ရောင် မြူတွေသည် သီနှင့် ကျူးယင်ကို ဖုံးလွှမ်းသည်။ သူတို့နှစ်ယောက်လုံးသည် အပြင်လောကမှ ခွဲထွက်သွားသည့်အလား ထင်ရကာ သူတို့ထံမှ ရှင်သန်ခြင်း အငွေ့အသက်တွေကိုပင် မည်သူမှ မခံစားရတော့ချေ။
က်ဴးယင္သည္ အလြန္လွ၏။ သူ၏ အလွေၾကာင့္ ေတာင္ေတြ ျပိဳ၊ ေရေတြခမ္းျပီး ေလေတာင္ ရပ္တန္႕သြားရေလာက္ေအာင္ ျပိဳလဲေစနိုင္စြမ္းသည္။ ယန္စြမ္းအင္ အျပည့္အ၀ ပိုင္ဆိုင္ထားသည့္ သီသည္ ထိုယင္၏ လႊမ္းမိုးမႈအား ေတာင့္ခံနိုင္စြမ္း မ၇ွိေခ်။ သူ၏ နားထဲတြင္ က်ဴးယင္အား ၀ဲေနသည့္ အစိမ္းေရာင္ အလင္းစက္ေတြ၏ အခ်င္းခ်င္း ပြတ္တိုက္မိကိုသာ ၾကားရသည္။ သူ၏ မ်က္လံုးထဲတြင္ ျပစ္ခ်က္မ၇ွိ ျပီးျပည့္စံုလွသည့္ အလွတရားကိုသာ ျမင္သည္။ သူ၏ ႏွာေခါင္းကလည္း က်ဴးယင္၏ ဆြဲေဆာင္မႈ ျပင္းေသာ သင္းရနံ႕ကိုသာ ရသည္။
သူ၏ လက္တို႕ျဖင့္ အလြန္တရာ ႏူးညံ့ေနေလာက္ေသာ က်ဴးယင္ကို သိမ္းဖက္လိုက္ခ်င္သည္။ က်ဴးယင္၏ အလွတရားကို သူ၏ အ၇ွိန္အ၀ါေတြျဖင့္ ဖံုးကြယ္ကာ သိမ္းဆည္းထားခ်င္သည္။
သီက လက္ကို ေျမွာက္ကာ က်ဴးယင္၏ ပါးျပင္ကို ထိသည္။ က်ဴးယင္ဟာ သီ၏ မ်က္၀န္းကိုသာ ျပံဳးရင္း စိုက္ၾကည့္ေနပါ၏။ သီ၏ လက္သည္ ႏူးညံ့လြန္းလွသည့္ အထိအေတြ႕ကို ခံစားရကာ သီ၏ တစ္ကိုယ္လံုး ျဖန္းခနဲျဖစ္လာေလေတာ့သည္။ သူ၏ ေသြးေတြက ဆူပြက္လာကာ သူ၏ ကိုယ္မွလည္း အနက္ေရာင္ စြမ္းအင္ေတြ ျဖာထြက္လာေလေတာ့သည္။ ထိုစြမ္းအင္ေတြသည္ က်ဴးယင္အတြက္ မိန္းေမာေစနိုင္ေသာ္လည္း အျခားေသာ သက္၇ွိတုိင္းအတြက္ ကပ္ေဘးသာလွ်င္ ျဖစ္သည္။
ယင္စြမ္းအင္သည္ ကုသျခင္း စြမ္းအင္ဆိုလွ်င္ ယန္ကေတာ့ ေသဆံုးျခင္း၊ ဖ်က္ဆီးျခင္း ျဖစ္သည္။ ယန္စြမ္းအင္ ထြက္ေပၚလာသည္ႏွင့္ သက္၇ွိေတြ၏ ပ်က္ဆီးျခင္းက စတင္သည္။ သီ၏ မ်က္၀န္းေတြက အနက္ေရာင္ ေျပာင္းသြားကာ ဆံပင္ေတြကလည္း မည္းနက္သြားေလျပီး ရွည္ထြက္လာသည္။ ထိုဆံပင္ရွည္ေတြသည္ က်ဴးယင္ကို ေျမြတစ္ေကာင္ကဲ့သို႕ ရစ္ပတ္သည္။ က်ဴးယင္၏ ကိုယ္သင္းနံ႕တိုင္းက သီ၏ စုပ္ယူ ရွဴသြင္းမႈကို ခံရသည္။
က်ဴးယင္၏ ကိုယ္က သီ၏ ဖက္တြယ္မႈၾကား ညပ္သြား၏။ က်ဴးယင္၏ တစ္ကိုယ္လံုး အႏွံ႕ ဆံပင္ေတြ ရစ္တြယ္ကာ ဖံုးလႊမ္းသြားသည့္အျပင္ အနက္ေရာင္ ျမဴထုဟာလည္း ျပန္႕ႏွံ႕လာေခ်ျပီ။ ထိုအနက္ေရာင္ ျမဴေတြသည္ သီႏွင့္ က်ဴးယင္ကို ဖံုးလႊမ္းသည္။ သူတို႕ႏွစ္ေယာက္လံုးသည္ အျပင္ေလာကမွ ခြဲထြက္သြားသည့္အလား ထင္ရကာ သူတို႕ထံမွ ရွင္သန္ျခင္း အေငြ႕အသက္ေတြကိုပင္ မည္သူမွ မခံစားရေတာ့ေခ်။
DU LIEST GERADE
YING &YANG ....Volume3 of Becoming Empress COMPLED
Historische RomaneCompleted OC Cover by KyuKyu 💙 This is a Volume3 of Becoming Empress