ကောင်းကင်နန်းတော်ရှေ့ကိုရောက်တာနဲ့ ကျူးလျန်၊ ကျူးစစ်နဲ့ ကျူးယင်တို့ အမူအယာတွေ ပြောင်းသွားသည်။
တံခါးပေါက်ကြီးကစပြီး လှပလွန်းတဲ့ အဆင့်အတန်းမြင့် နတ်ဘုရားတွေဟာ စီတန်းကာရပ်နေသည်။ ဘယ်ညာခွဲကာရပ်နေတဲ့အပြင် အားလုံးက ပြုံးချိုနေလေသည်။
ကျူးလျန်တို့ အမူအယာက မအီမလည်ဖြစ်နေပေမယ့် ကျူးယင်ကတော့ သေချာနားမလည်ပါပေ။
ဒါကြောင့်ပဲ အရင်ဆုံး တံခါးကိုကျော်ပြီး ခြေချလိုက်တာက ကျူးယင်ဖြစ်နေသည်။အကိုနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စိတ်နဲ့တိုင်ပင်နေကြကာ ညီငယ်လေးက အထဲ၀င်လိုက်တာကိုမြင်တော့ ကမန်းကတမ်းဖမ်းဆွဲပေမယ့် ကျူးယင်က ခြေနှစ်ဖက်လုံး ချပြီးသွားခဲ့ပြီ။
စီတန်းကာစောင့်နေကြတဲ့နတ်ဘုရားတွေဟာ တန်ခိုးအရာမှာ ကြီးမြင့်လွန်းကြသူတွေမို့ အကာအကွယ်အဆောင်တွေကို ဖောက်ထွင်းပြီးမြင်နိုင်စွမ်းရှိလေသည်။ သူတို့တွေ ကျူးယင်ကိုမြင်တာနဲ့ ရင်ထဲလှိုဏ်ခနဲဖြစ်သွားရကာ တုန်လှုပ်ခြောက်ခြားရမတတ် ဆွဲဆောင်မှုကိုခံရသည်။
အားလုံးရဲ့အမူအယာတွေ ထူးဆန်းကုန်တာနဲ့ ကျူးလျန်နဲ့ကျူးစစ်က လက်တစ်ဖက်ဆီထုတ်ပြီး ကျူးယင်မျက်နှာကိုကွယ်လိုက်တာမို့ နတ်ဘုရားတွေရဲ့မျက်နှာက မအီမလည်ဖြစ်ကုန်သည်။နတ်တန်ခိုးနဲ့ကာလိုက်ရင်တောင် သူတို့ဖောက်မြင်နိုင်ပေမယ့် အသရေနဲ့ပြည့်စုံနဲ့နတ်ဘုရားစစ်မျိုးဆက်တွေကိုတော့ သူတို့ဖောက်ထွင်းပြီးမမြင်နိုင်ပေ။
ဒါကြောင့် အကြည့်တွေက ဖွေးဥနေတဲ့ ကျူးယင်ခြေတစ်စုံကိုသာ စူးစိုက်နေတော့သည်။ကျူးယင် ခြေချထားတဲ့မြေနေရာက စတင်ပြီး စိမ်းဖန့်ဖန့် အငွေ့လေးတွေ ဖြာထွက်လာကာ စိမ်းစိုလန်းဆန်းတဲ့ မြက်ပင်နုနုတွေပေါက်လာသည်။
အားလှိုင်းက ကောင်းကင်နန်းတော်တစ်ခုလုံးကို ပြန့်သွားတာမို့ နေရာတိုင်းစိမ်းစိုသွားသည်။ကျူးယင် သူ့မျက်နှာရှေ့လက်တွေကာထားတဲ့ အကိုတွေကြောင့် ကြောင်တောင်တောင်ဖြစ်သွားသည်။
YOU ARE READING
YING &YANG ....Volume3 of Becoming Empress COMPLED
Historical FictionCompleted OC Cover by KyuKyu 💙 This is a Volume3 of Becoming Empress