အပိုင်း ၁၄

1K 182 10
                                    

ကျူးယင် ကျူးယန်ကို နားမလည်သလို ကြည့်လိုက်သည်။ ဒီတစ်ကြိမ်ရော အဖေက ဘယ်လို အကြောင်းပြချက်ကို ပေးမလို့လဲ။

သို့သော် စကားအသုံးအနှုံးအရ သူ့အဖေလည်း သူ့ကို အတော်စိတ်ပျက်နေတာကို သူ သိလိုက် သည်။ ထိုသို့တွေးမိတော့ သူ့စိတ်ထဲ ခြောက်ခြားသွားရ၏။ သူ ဘာမှားလို့လဲ၊ တစ်ချိန်လုံး သူကပဲ အရူးလုပ်ခံနေရတာ မဟုတ်ဘူးလား၊ ဘာဖြစ်လို့ သူက မှားရမှာလဲ။

သူ့ကို မကြည့်တဲ့ ကျူးယန်ကို ကျူးယင် ကြည့်လိုက်သည်။ ကျူးယန်ရဲ့ နောက်ကျောကိုမြင်နေရတာက သူ့ကို ခံစားချက်တွေ ဆိုးရွားစေသည်။ သူ့အဖေက သူ့ကို စိတ်ကုန်ပြီး စွန့်ပစ်မလို့လား၊ အကိုတွေကလည်း သူတို့လူတွေကိုပဲ ဂရုစိုက်ကြတယ်၊ တစ်ယောက်မှ သူ့နား မနေပေးကြဘူး၊ အခု အဖေကပါ ဒီလိုဆိုရင် သူက ဘယ်လိုလုပ်ရတော့မှာလဲ။ ထပ်ပြီး သူ တစ်ယောက်ထဲ ပြန်ဖြစ်သွားတော့မှာလား။

ခေတ်သစ် လူသားလောကတွင် နေခဲ့ရစဉ်က အဖြစ်အပျက်တွေကို ကျူးယင် ပြန်သတိရလာသည်။ အဲ့ဒိအချိန်တုန်းကလိုမျိုး မိတ်ဆွေ၊သူငယ်ချင်းတွေရဲ့ အလိုကိုလိုက်ပြီး နေရတဲ့အဖြစ်ကို ထပ်ရောက်ဦးမှာလား၊ သူငယ်ချင်းတွေ အဖွဲ့လိုက် ပျော်ပါးနေကြတာကို ဘေးက ငေးကြည့်နေရဦးမှာလား။ သူက ဘာလို့ ဒီလောက် ကံဆိုးရတာလဲ၊ သီကလည်း သူ့ကို သဘောကျပြီး နောက်ကွယ်ကပဲ ကာကွယ်ဖြေရှင်းပေးတယ်။ ရှန့်ယန်ကလည်း သူ အထင်လွဲမိလို့ ဒုက္ခရောက်ရတယ်။ ဒါတွေအားလုံးက သူနဲ့ သက်ဆိုင်နေတာချည်းပဲ။ သူ့အနားက လူတိုင်း သူ့ကို စွန့်ပစ်ရမယ်ဆိုတဲ့ ကျိန်စာကိုများ သူ မိခဲ့လို့လား။ ဘာကြောင့် အခုလိုတွေပဲ ဖြစ်လာရတာလဲ။ သူ့ကို ကာကွယ်ပေးပါမယ်ဆိုတဲ့ ဆရာကလည်း သူ့ကိုတောင် ရှောင်နေခဲ့သေးတယ်။ စစ်ဝူရှဲ့ကလည်း ပျောက်နေတယ်။ တကယ်ပဲ သူ့နားမှာ ဘယ်သူမှ မရှိတော့ဘူးပဲ။

ထိုအချိန်တွင် ကျူးယန်ရဲ့ သက်ပြင်းချသံကို ကျူးယင် ကြားလိုက်ရလေသည်။ ကျူးယင့်ကိုယ်ထဲက သွေးအရ ကျူးယင်ရဲ့ ခံစားချက် အနည်းနဲ့အများကို ကျူးယန် ခံစားမိပေသည်။ထို့ကြောင့် သက်ပြင်းချကာ နောက်လှည့်ကြည့်လာခဲ့သည်။ သားဖြစ်သူရဲ့ပူပန်မှုကို ခံစားမိတော့ အဖေတစ်ယောက်အနေနဲ့ မျက်နှာမလွှဲနိုင်တော့ပေ။

YING &YANG ....Volume3 of Becoming Empress COMPLEDDonde viven las historias. Descúbrelo ahora