အပိုင်း ၂၀

1.2K 175 11
                                    

Need_To_Edit

" ကျူးယင် မင်းလည်း နောက်ဆုံးတော့ နတ်ဘုရား ဖြစ်သွားခဲ့ပြီပဲ"

စစ်ချီက သူ၏ သမက်တော်ဖြစ်ခဲ့သင့်သည့် ကျူးယင်အား နှမြောတသဖြစ်စွာ ကြည့်သည်။ ရန့်ဇု၏ ကိစ္စကြောင့် ကောင်းကင်နန်းတော်တစ်ခုလုံး ပြောင်းဆန်သွားသော်လည်း သူက အချိန်မီရောက်သွားခဲ့သဖြင့် အခြားနတ်တွေ ကျူးယင်အား မမြင်လိုက်ကြချေ။ စစ်ချီ သက်ပြင်းချမိသည်။ ကျူးယင်သည် မိမိကိုယ်ကို အထင်သေးလွန်းသည်လား မသိချေ၊ သူသည် မျက်နှာကို ကွယ်ရန် မန္တာန်ရွတ်ခဲ့ခြင်းလောက်တော့ လုပ်သင့်ပေသည်။

ခပ်အေးအေးရပ်ကာ ခန်းမဆောင်ကို လိုက်ကြည့်နေသည့် ကျူးယင်ကို စစ်ချီတစ်ချက်ကြည့်သည်။ တစ်ကိုယ်လုံး အစိမ်းနု၊အစိမ်းရင့်တွေနှင့် ပြည့်နေသည့် ကျူးယင်သည် မည်သည့်နေရာကမှန်းမသိ ဆွဲဆောင်မှုအား ကောင်းလွန်းနေပေသည်။ သို့သော် ထိုအစိမ်းတုံးကြီးကမည်သို့ ဆွဲဆောင်မှု အားကောင်းနေကြောင်း သူ နားမလည်ချေ။ ထိုသည်ကလည်း သူ၏ ကောင်းကင်မိဖုရားအပေါ် ထားသည့် အချစ်စစ်မှန်သဖြင့် ထိုဆွဲဆောင်မှု၏ သက်ရောက်ခြင်း မခံရသောကြောင့် ဖြစ်ပေလိမ့်မည်။ စစ်ချီ သားဖြစ်သူအား တွေးမိကာ ကျူးယင်အား အကူအညီတောင်း၇န် တွေးလိုက်သည်။ ကျူးယင်သည် ရှန့်ယန်တစ်ဖြစ်လဲ သီအတွက်မှန်း သေချာနေခဲ့ပေမယ့် သူသည်လည်း သားဖြစ်သူအတွက် ကြိုးစားပေးသင့်သည်ဟု ထင်သည်။ ထို့ကြောင့် သူ စိတ်ထဲတွင် စာ သေချာစီနေလိုက်သည်။

ကျူးယင်သည် စိတ်ပျော့လွန်းသည်ဟု သူကြားဖူးသည်။ သို့ဆိုလျှင် သူကသာ သနားအောင်ပြောပြလိုက်လျှင် ကျူးယင် ခံစားသွားရပြီး ချက်ချင်း ပြေးရှာပေးလောက်သည်။ စစ်ချီသည် အသိဥာဏ်ပြည့်ဝလွန်းသည့် သူ့ကိုယ်သူ ချီးကျူးလိုက်သည်။ သူ့လိုလူ အုပ်ချုပ်နေသမျှ သုံးလောကကြီးက ငြိမ်းချမ်းနေပေလိမ့်မည်။ သီလည်း ၇ှိနေပြီဖြစ်သဖြင့် အရေးကြီး ကိစ္စတွေဆိုလျှင် သူ သီကိုသာ လွှဲလိုက်ရန်လိုသည်။

စစ်ချီ၏ စာစီနေမှုသည် ကျူးယင် နောက်ပြန်လှည့်လာကာ သူ့ထံ တည့်တည့်ကြည့်လာမှုကြောင့် ရပ်သွားရသည်။

YING &YANG ....Volume3 of Becoming Empress COMPLEDWhere stories live. Discover now