အပိုင်း ၁၉

1.1K 155 14
                                    

သုံးနှစ်ကြာသော်....။

မှေးမှိတ်ထားသည့် ကျုးယင်၏ မျက်ဝန်းတွေ ဖွင့်လိုက်သည့်အချိန်တွင် တောက်ပသည့် အစိမ်းနုရောင် အလင်းတွေ လက်နေသည်။ ကြည့်ကောင်းလွန်းလှသည့် သူ၏ မျက်နှာတွင် တောက်ပလွန်းသည့် အပြုံးက ၇ှိနေသည်။ ကျူးယင် တစ်စုံတစ်ရာအား တွေးမိကာ ပြုံးလိုက်သည်။ သူက ထိုင်သည့်အနေအထားအား သက်တောင့်သက်သာ ဖြစ်ရန် ပြောင်းထိုင်သည်။ ထို့နောက် လက်တစ်ဖက်ကို အသာလှုပ်၇ှားကာ ရှေ့တွင် သူ၏ တစ်ကိုယ်စာ၇ှိသော သစ်ရွက်စိမ်းကြီးပေါ်လာသည်။ ထိုသစ်ရွက်ကြီးတွင် သူ၏ ပုံရိပ်အား ပြန်မြင်နေရပေသည်။

ကျူးယင်သည် နတ်ဘုရားအဆင့်အား အခြေခိုင်အောင် လုပ်ဆောင်ပြီးသွားသဖြင့် သူ၏ တစ်ကိုယ်လုံးသည် အစစအရာရာ ပြောင်းလဲသွားလေတော့သည်။ သူ၏ ခေါင်းအစ ခြေအဆုံး မည်သည့်အစိတ်အပိုင်းကိုမဆို မြင်ရသူတိုင်း ရူးသွပ်သွားရတော့မတတ် သူက လှပလွန်းလာသည်။ ယင်နတ်ဘုရားတစ်ပါးအတွက် ထိုစွမ်းရည်သည် ကျိန်စာဟု ဆိုသင့်သလား မသိချေ။ သို့သော် ပိုင်၇ှင်၇ှိပြီးသူတွေနှင့် သွေးသားတော်စပ်သူတွေ သို့မဟုတ် သူ့နှင့် အဆင့်တူ သို့မဟုတ် အဆင့်မြင့်သူတွေသာဆိုလျှင် သက်ရောက်ခံရလိမ့်မည် မဟုတ်ပေ။

စိမ်းနုရောင် ဆံနွယ်တွေသည် ထိုင်လျက်အနေအထားနှင့်ရှိနေသည့် သူ၏ တစ်ကိုယ်လုံးအား ဖုံးလွှမ်းထားသည်။ ဆံပင်သည် ရှည်လွန်းသည်ဟု သူ ထင်သည်။ ထို့ကြောင့် မျက်တောင် တချက်ခတ်လိုက်ရာ တစ်ဝက်တိတိ ပြတ်ကျသွားတော့သည်။ ပြတ်ကျသွားသည့် ဆံနွယ်တို့သည် အစိမ်းရောင် အလင်းတွေအဖြစ် ပြောင်းကာ ကျူးယင်ေ၇ှ့ ပျံဝဲလာသည်။ သူ၏ စိမ်းကြည်ရောင် တောက်နေသည့် မျက်ဝန်းတွေသည် တလက်လက် အရည်လဲ့လာသည်။ နတ်ဘုရားဖြစ်ရသည်မှာ သက်သာလွန်းလှသည်။ ပျံဝဲနေသည့် အလင်းစက်တွေအား သူက လက်ဝါးဖြန့်ကာ ခံယူသည်။ ထို့နောက် အစိမ်းရောင် ပုလင်းကြည်ကြည်လေး တစ်လုံးပေါ်လာစေပြီး အလင်းစက်တွေကို ထည့်သိမ်းလိုက်လေသည်။ ထိုအလင်းစက်တွေသည် သက်၇ှိတစ်စုံတစ်ရာနှင့် ထိတွေ့မိလျှင် သက်၇ှိတွေ ထပ်မံ မွေးဖွားလာနိုင်ပေသည်။ ထိုသို့တွေးမိလိုက်သည်နှင့် သူ၏ အတွေးသည်တစ်စုံတစ်ယောက်ဆီ ရောက်သွားသည်။ ထိုသူလည်း ထိုသို့ဖြစ်ခဲ့သည်ပဲ။ ထိုသူ့အကြောင်း တွေးမိသည်နှင့် သူ၏ မျက်နှာတွင် အပြုံးက ပေါ်လာသည်။ ထိုသူတော့ စိတ်တိုနေလောက်ရဲ့။

YING &YANG ....Volume3 of Becoming Empress COMPLEDTempat cerita menjadi hidup. Temukan sekarang