Final

1.9K 139 4
                                    

🚨မဆိုစလောက် Warning!🚨
-------------

ယန်နတ်ဘုရားနှင့် ယင်နတ်ဘုရားတို့ အဆင်ပြေသွားပြီးသည်နှင့် သုံးလောကတွင် မည်သည့်အရှုပ်အထွေးမှ ပေါ်မလာတော့ပေ။ နတ်ဘုရားတွေနှင့် မိစ္ဆာတွေကလည်း ထူးခြားစွာပင် သင့်မြတ်နေကြပေသည်။ အကြောင်းကား နှစ်တစ်ရာခန့် ပျောက်သွားခဲ့သော ကောင်းကင် အိမ်ရှေ့စံနှင့် မိစ္ဆာအိမ်ရှေ့စံတို့ ပြန်ရောက်လာသောကြောင့် ဖြစ်ပေသည်။ ထို့အတူ နှစ်ယောက်လုံးက ကြင်ယာတော ်အသီးသီးကိုပင် အပါ ခေါ်လာခဲ့ကြသေးပေသည်။ ထိုကြင်ယာတော်တွေဟာ ယင်နတ်ဘုရားထက် မနည်း လှပလွန်းသည်ဟု ကောလဟာလည်း တဆက်တည်း ထွက်လာသေးသည်။

ထူးခြားသည်မှာ  အဆင့်မြင့်နတ်ဘုရားတွေပင် ထိုကြင်ယာတော်တွေ၏ ရုပ်ရည်ကို မြင်တွေ့ခွင့်မရကြခြင်းဖြစ်သည်။ မှန်ပေသည်၊ ထူးခြားသော စွမ်းအားတို့ ကာဆီးထားသကဲ့သို့ ဖြစ်ကာ  မမြင်တွေ့နိုင်ခြင်းဖြစ်သည်။ သေချာသည်ကတော့ ယင်နတ်ဘုရားကြောင့် ခံစားခဲ့ရသည့် ကောင်းကင်အိမ်ရှေ့စံက  ထိုကြင်ယာတော်ကို လွန်စွာ ချစ်မြတ်နိုးကာ မျက်စိအောက်မှ အပျောက်မခံသည့်အပြင် ညီလာခံတက်သည့်အချိန်မှာပင်  နတ်စွမ်းအင်ဖြင့် အရှိန်အဝါဖုံးကာ ခိုးခေါ်လာတတ်ကြောင်း အဆင့်မြင့် နတ်ဘုရားတို့ထံမှတဆင့် သိရလာပေသည်။ မိစ္ဆာအိမ်ရှေ့စံသည်လည်း အလားတူပါပေ။ ထိုကြင်ယာတော်နှင့်သာ အချိန်ဖြုန်းကာ ကြင်ယာတော်ဖြစ်သူ၏ စကားကိုသာ တစ်သွေမတိမ်းနားထောင်လေပြီး   မြင့်မားသည့် စွမ်းအားအဆင့်ကို ပိုင်ဆိုင်လာပေ၏။

“ ကျင်းကျင်း ဘယ်လိုလဲ ကိုယ် မင်းကို စိတ်မပျက်စေခဲ့ဘူး မဟုတ်လား”
စစ်ဝူရှဲ့က သူ၏ ရှေ့ရှိ အလွန်တရာ ကြည့်ကောင်းလှပါသော ကြင်ယာတော်လေးကို မေးဖျားလေးမှ ဆွဲမော့ကာ သူ့ကို ကြည့်လာစေပြီးမှ  သြရှသည့် လေသံဖြင့် မေးလိုက်သည်။

အစိမ်းနု ဝတ်စုံလေးကို လျော့တိလျော့ရဲ ဝတ်ထားသည့် ကြင်ယာတော်က အဆောင်ခန်းကိုသာ လိုက်ကြည့်နေခြင်းဖြစ်သည်၊ သူက စစ်ဝူရှဲ့၏ အမေးကို ကြားသည့်အခါ ပင့်မော့ခံထားရသည့် မေးမှ လက်ကို ဖယ်ခွာလိုက်သည်။ ထို့နောက် မကျေမနပ်ကြည့်ကာ ပြော၏။
“ ဘာကို စိတ်မပျက်စေရမှာလဲ၊  ပတ်ဝန်းကျင်ကိုလည်း သေချာလေး ကြည့်ပါဦး၊ ဒါတွေကို ဘယ်တော့ ပြောင်းမှာလဲ ။ မင်း ချစ်တာက ငါလား၊ အဲ့ဒိနတ်လား… ဘာလို့  ငါ့ကို ဒီအထိ ခေါ်လာပြီးတာတောင် သူ့ရဲ့ ပုံတွေကို မဖယ်ရသေးတာလဲ”

YING &YANG ....Volume3 of Becoming Empress COMPLEDDove le storie prendono vita. Scoprilo ora