အပိုင်း၂

2.5K 300 36
                                    

" ဘယ်က ယင်နတ်ဘုရားမလဲ အဓိပ္ပါယ်မ၇ှိလိုက်တာ၊ ကျောင်းရူ၊ ကျောင်းရှူ ဒီကိစ္စနဲ့ပက်သက်တာတွေငါ့ကိုလာမတင်ပြတော့နဲ့။ "

ကျောင်းရူနဲ့ကျောင်းရှူ" အမိန့်အတိုင်းပါ အရှင်"

ကျောင်းရူနဲ့ကျောင်းရှူတို့ ပျောက်ကွယ်သွားတာနဲ့ စစ်ဝူရှဲ့မျက်နှာက တင်းမာသွားသည်။

စာချွန်လွှာတွေပြည့်နေတဲ့စားပွဲကို အားအပြည့်နဲ့ ရိုက်ချလိုက်တော့ အပိုင်းပိုင်းအစစအဖြစ် ကွဲကျေထွက်ကာ မီးလောင်ပြာကျသွားသည်။

အတင့်ရဲတယ်၊ အတင့်ရဲတယ် ၊ ယင်လေးဆီကနေ ယင်စွမ်းအားကို ခိုးယူရဲတယ်။ ဒီနတ်ဘုရားမ အတင့်ရဲတယ်။

စစ်ဝူရှဲ့ဒေါသကြောင့် နန်းဆောင်ဝန်းတစ်ခုလုံး တုန်ခါလာကာ မကြာခင်ပြိုကျတော့မည့်အရိပ်အယောင်တွေ ဟပ်လာသည်။ နန်းဆောင်တွင်းက အစေခံတွေခမျာ အပြင်ကို ၀ရုန်းသုန်းကားပြေးထွက်ကြကာ အတွင်းသို့ အထိတ်တလန့်ကြည့်နေကြသည်။

ကျောင်းရူနဲ့ကျောင်းရှူကတော့ သခင့်ရဲ့ဒေါသကိုသိသူပီပီ ပြိုကျသွားခဲ့ရင် အမြန်ဆုံးပြင်ဆင်နိုင်ဖို့ ဆောင်၇ွက်နေကြလေပြီ။

သူတို့သခင်ဟာ စေ့စပ်ပွဲပျက်သွားပြီးကတည်းက သိပ်ကိုဒေါသကြီးလာခဲ့ကာ ကြမ်းတမ်းခက်ထန်လာခဲ့သည်ပေ။

စစ်ဝူရှဲ့ အဆောင်ထဲကထွက်လိုက်တာနဲ့ အဆောင်ကား ပြိုကျသွားခဲ့သည်။ စစ်ဝူရှဲ့ကတော့ နောက်ကိုတစ်ချက်ပင် ပြန်မကြည့်လေဘဲ ကံကြမ္မာသခင်နတ်မင်းဆီကို ဒေါသတကြီးထွက်ခွာ၏။

ကံကြမ္မာနတ်မင်းကား ထုံးစံအတိုင်း သူ၏မှတ်တမ်းဘ၀အဖြစ်အပျက်တွေကို တွေးတောရေးသားနေရာက ရုတ်တရက်ပေါ်လာတဲ့ ကြောက်မက်ဖွယ်အရှိန်အ၀ါအပြည့်နဲ့ အိမ်ရှေ့မင်းသားကြောင့် အထိတ်တလန့်ဖြစ်သွားရလေသည်။

ကမန်းကတမ်းထရပ်ပြီး ဦးညွှတ်ရသည်မှာ ဒေါသတွေ သူ့ထံပုံကျလာမည်ကို စိုးရိမ်မိလို့သာ....

" အိမ်ရှေ့စံမင်းသား ရုတ်တရက် ကျွန်တော့်ဆီ ဘာအကြောင်းကြောင့်များ ရောက်..."

" ကံကြမ္မာနတ်မင်းကို ကျွန်တော် အကူအညီတောင်းချင်လို့ပါ"

YING &YANG ....Volume3 of Becoming Empress COMPLEDTempat cerita menjadi hidup. Temukan sekarang