Zawgyi
ရှန့်ယန်က ငါ့ကိုရောချစ်ရဲ့လား.....
သူလုပ်နေသမျှက ငါ့ကိုအပိုင်တွက်ထားတဲ့ပုံစံမျိုးပဲ...
ကျူးယင်ဒီလို မကောင်းတဲ့အတွေးတွေဝင်ရသည်က ရှန့်ယန်ရဲ့ ပိုင်စိုးလွန်းတဲ့ ပုံစံတွေကြောင့်ဖြစ်သည်။ ရှန့်ယန်က သူ့အကိုတွေနဲ့ ယှဉ်ပြီးတော့တောင် သူ့ကိုဝန်တိုသည်။
ဒါပေမယ့် ဘာလို့လဲ ...ဒါ သူ့အကိုအရင်းတွေလေ...
ကျူးယင်အခုအချိန်ထိ နားမလည်နိုင်ဘူး ... ရှန့်ယန်က သူ့ဘက်ကိုရော မတွေးပေးဘူးလား ...
သူက စိတ်တိုလာရင် ရှန့်ယန်က ယန်စွမ်းအင်ထုတ်တာနဲ့ ပျော့ခွေရသူမို့ သူ့ကို အထင်မကြီးတာများလား...
ကျူးယင်ထိုသို့ အတွေးဝင်ရသည်က ကျူးစစ်ကို နာကျင်အောင်၊အဆိပ်တက်အောင် ကိုက်ခဲခဲ့သည့် ရှန့်ယန်ကြောင့်ပင်။ နာကျင်သွားပုံရတဲ့ ကျူးစစ်က သူ့ရှေ့တွင်တော့ဟန်ဆောင်နေလေပြီး ပျောက်ကွယ်သွားခဲ့သည်မှာ သုံးရက်ကြာသည်အထိ ပြန်ပေါ်မလာခဲ့ပေ။ ကျူးယန်ကိုမေးသော်လည်း မရေမရာသာဖြေသည်။
ထို့ကြောင့် ကျူးယင်ရှန့်ယန်ကို စိတ်တိုကာ အဆောင်ထဲတွင်သာ ပိတ်နေခဲ့ခြင်းဖြစ်သည်။
********************
ရှန့်ယန်အတွက် လူသားသဏ္ဍာန်တစ်ခုရဖို့ အချိန်ကြာမြင့်စွာ ကျင့်ကြံဖို့လိုသည်။ ထို့ကြောင့် သူတို့ရေနန်းတော်ကိုပြန်ရောက်ပြီးတဲ့နောက် ရှန့်ယန်က သူ့အဆောင်တွင်းမှာသာ သီးသန့်ကြားခံနယ်မြေဖန်ဆင်းပြီး တံခါးပိတ် ကျင့်ကြံနေတတ်၏။ ထို့ကြောင့် တစ်ယောက်ထဲဖြစ်နေတဲ့ ကျူးယင်က အဆင့်လည်းမတက်ချင်သေးတာမို့လို့ အကိုတွေနဲ့သာ အချိန်ဖြုန်းဖြစ်သည်။
တစ်ရက် ရှန့်ယန် ထွက်လာတော့ ကျူးယင်ကို အဆောင်တွင်းမတွေ့ရပေ။ သူ ကျင့်ကြံနေတဲ့အချိန်မှာ ကျူးယင်ကိုလည်းပဲ သူလိုမျိုး ကြိုးစားကာ ကျင့်ကြံနေဖို့ ရှန့်ယန်မှာသွားခဲ့သည်ပေ။
လောကရဲ့ဖန်ဆင်းရှင်အရှင်သခင်တစ်ယောက်ဖြစ်တဲ့ ရှန့်ယန်ရဲ့ ပါရမီဖြည့်ဖက်ဖြစ်ဖို့ဆိုရင် သူနဲ့လိုက်ဖက်တဲ့အဆင့်အတန်းကို ပိုင်ဆိုင်ထားဖို့လိုပေသည်။ ထိုသည်ကတော့ ယင်နတ်ဘုရားဆိုတဲ့ ဘွဲ့ထူးဖြစ်၏။ ယန်နတ်ဘုရားဖြစ်တဲ့ ရှန့်ယန်က ယင်မမွေးဖွားမချင်း နာမ်မဲ့သဏ္ဍာန်ဖြင့်သာရှိနေခဲ့ကာ လောကကြီးတစ်ခုလုံးကသာ သူဖြစ်ခဲ့သည်ပေ။
YOU ARE READING
YING &YANG ....Volume3 of Becoming Empress COMPLED
Historical FictionCompleted OC Cover by KyuKyu 💙 This is a Volume3 of Becoming Empress