အပိုင်း ၂၄

1K 130 2
                                    

Zawgyi

“ ဧည့်ခန်းမဆောင်ကို ပြင်ထားသလိုပဲ၊ ဘာလဲ မခိုင်လို့ ခဏခဏ ပြိုကျနေကျ မို့လို့လား”
တလက်လက် တောက်ပြောင်နေသည့် သလင်းရောင် ခန်းမဆောင်ကြီးကို ကြည့်ကာ ကျူးယင် ရေရွတ်သလိုလေး ပြောလိုက်မိသည်။ ပြီးမှသာ သူ၏ ရှေ့ရှိ နတ်ဟာ ဖခင်နှင့်ပင် ဝါစဉ်တူသူဖြစ်ကြောင်း သတိရလိုက်မိပြီး တောင်းပန်ဟန် ပြုံးပြလိုက်ဖြစ်သည်။

စစ်ချီကတော့ အောင့်သက်သက်နှင့်သာ ရယ်နေ၏။ ကျူးယင်က နတ်ဘုရားဖြစ်သွားရုံမျှဆိုလျှင်သူ အလေးပေးလိမ့်မည် မဟုတ်ပေ။ ကျူးဖြစ်နေလျှင်ပင် ရန်စခြင်းမဟုတ်သမျှ  အလေးပေးလွန်းစရာ မလိုသေးချေ။ သို့သော် သူက ယင်နတ်ဘုရားဖြစ်နေသည်။ သက်မဲ့တွေကို သက်၇ှိအဖြစ် ဖန်ဆင်းနိုင်ကာ သက်၇ှိတွေထံမှ အသက်စွမ်းအင်တွေကို စုပ်ယူနိုင်ပါသော ကြောက်စရာကောင်းလွန်းသည့် ဖြစ်တည်မှု ဖြစ်နေသည်။ အားလုံးက ယင်နတ်ဘုရား၏ ကောင်းခြင်းတွေကိုသာ သိထားကြသည်။ လောကစစ်ဖြစ်လျှင်ယင်နတ်ဘုရားရှိသည့် ဘက်မှသာ နိုင်ပေလိမ့်မည်၊ အကြောင်းမူကား ယင်နတ်ဘုရားက သေလူကိုပင် ပြန်၇ှင်အောင် လုပ်နိုင်သောကြောင့် ဖြစ်သည်။ အများစုက မသိကြသည်မှာ ယင်နတ်ဘုရားသည် ၇ှင်သူတွေကိုလည်း သေအောင်စေနိုင်စွမ်း ရှိပေသည်။ သူပင်လျှင် ကောင်းကင်နန်းတော်မှ အဆောင်တွေကို မည်သည့်စွမ်းအင်နှင့်မျှ မပျက်ဆီးစေနိုင်မည့် သလင်းထုနှင့် တည်ဆောက်ရန် လိုက်၇ှာရင်း တားမြစ်နယ်မြေတစ်ခုမှ ကောက်ရသည့်  အပျက်အဆီး ကျမ်းစာတစ်ခုမှ ဖတ်မိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မည်သည့်နည်းနှင့်မဆို ယင်နတ်ဘုရားကို အလေးထားရပေမည်။ ယင်နတ်ဘုရားကသာ စိတ်ငြိုငြင်လျှင်သူက နတ်ဘုရားစစ် တစ်ပါးဖြစ်လျှင်ပင် အချိန်မရွေး  စွမ်းအင် ကွယ်ပျောက်ကာ ခန္ဓာပျက်ဆီးသွားနိုင်ပေသည်။ ယင်နတ်ဘုရား၏ ကောင်းခြင်းတွေတွင် လှပခြင်းကို ထိပ်ဆုံးမှ ဖော်ပြကြသည်။  ကျူးယင်က မည်သည့်အ၇ှိန်အဝါမှ မထုတ်ဘဲ သာမန် နေရုံမျှနှင့်ပင်  အဆင့်နိမ့်သည့် လူလွတ်တွေကို ရူးသွပ်စေနိုင်စွမ်း ရှိပြီးသားဖြစ်သည်။ ကျူးယင်ကသာ ဆန္ဒရှိရှိနှင့် တမင် ကြိုးစားလာမည်ဆိုလျှင် သူ့ထက်အဆင့်မြင့်သူတွေကိုပင် လိုရာသိမ်းသွင်းနိုင်စွမ်း မ၇ှိဟု ပြောရန်က ခက်ခဲလှပေသည်။   စစ်ချီသက်ပြင်းချလိုက်သည်။ ကံကောင်းပေသည်၊ ကျူးယင်မှာ သီရှိနေသည်က သူတို့ သုံးလောကကြီးအတွက် ကံကောင်းနေပေ၏။လောကတွင် ကျူးယင်ကို ထိန်းချုပ်နိုင်သည်မှာ သီသာ ရှိလောက်သည်၊ ထို့အတူ သီကို ထိန်းချုပ်နိုင်သည်မှာလည်း ကျူးယင်သာ ရှိလောက်ပေသည်။ မီးနန်းတော်က ကျူးယင်၏ နန်းတော်အနားသို့ ရောက်သွားကတည်းက  သူ၏ ခဏခဏ ပြင်ပြင်နေရတတ်သည့် ညီလာခံ ခန်းမက မပျက်ဆီးတော့ပေ။  ထို့ကြောင့် စစ်ချီ အနည်းငယ်တော့ စိတ်ချမ်းသာနေပေသည်။

YING &YANG ....Volume3 of Becoming Empress COMPLEDTahanan ng mga kuwento. Tumuklas ngayon