ကျူးယင် သူ့စိတ်တွင်းမှ လာသည့် ထူးဆန်းသည့် ပူပင်မှုကို ကြောင်အနေမိသည်။ သူ ရှန့်ယန်ကို နှင်ထုတ်ထားခဲ့ကတည်းက စိတ်တွင်းက မတည်မငြိမ်ဖြစ်နေခဲ့တာပင်။ သို့ပေမယ့် အကိုကို စိုးရိမ်သည့်စိတ်ကြောင့် ထိုပူပင်မှုကို သူ လျစ်လျူရှုခဲ့သည်။
သူ ဘာလုပ်သင့်လဲ။
ကျူးယင် အိပ်ယာပေါ် တင်ပလ္လင်ထိုင်ကာ မျက်လုံးကို မှိတ်ထားလိုက်သည်။ သူ့ရဲ့ စိတ်ဝိဥာဉ်က ကိုယ်မှ ဖြာကာ လောကအနှံ့ပြန့်သည်။ ရုပ်ပိုင်းဆိုင်ရာ အဆင့်တက်မှုက နတ်ဘုရားအဆင့်ကို မရောက်သေးသော်လည်း နီးကပ်လို့ နေပြီမှန်းတော့ သူသိခဲ့ပြီးသားပါပေ။ နတ်ဘုရားအဆင့်တက်တိုင်း ပြင်းထန်တဲ့ စမ်းသပ်မှုကို ခံယူရသည်။ ထိုစမ်းသပ်မှုက သူ့ရဲ့ပူပန်မှုဖြစ်နိုင်လား သူမသိပေ။ သူ့ကိုယ်မှ အပြာရောင် သွေးတစ်စက်က မြောက်တက်လာကာ ပြန့်နှံ့နေသည့် စိတ်ဝိဥာဉ်နောက်ကို လိုက်သည်။ ကျူးယင်က ထိုပူပန်မှုရဲ့လားရာကို ရှာဖွေနေခဲ့သည်။
သူ့အဖေနဲ့ အမေက နတ်ဘုရားတွေဖြစ်ကြကာ ရှန့်ယန်အဆင့်ရှိသူတို့မှလွဲ အန္တရာယ် မပေးနိုင်ပေ။ မိစ္ဆာတွေကလည်း ထင်သလောက် ဆိုးရွားတဲ့ သူတွေမဟုတ်မှန်း ကျန့်ဝူနဲ့ကတည်းက သူသိပြီးသားပါပေ။ သူ့အကိုကြီးက ဆရာနဲ့ အတူရှိသည်။ ဆရာက နာကျင်ဖွယ် ခံစားချက်တို့ကြောင့် အကျိတ်အခဲ စမ်းသပ်ချက်ကို အောင်မြင်သွားခဲ့ကြောင်း သူသိလိုက်ရသည်။ ဆရာ အဆင့်တက်နေလို့ အကိုကြီးက စောင့်နေခဲ့တာဖြစ်ကြောင်း အခုမှသာ သူ နားလည်တော့၏။ အကိုလျန်က ရေနန်းတော်တွင် မ၇ှိပေ။ အလွန်တရာ ချောမောလှပသော နတ်ဘုရားမ တစ်ပါးနဲ့ စကားပြောနေခဲ့သည်။
ကျူးယင် မျက်မှောင်ကြုတ်လိုက်၏။ သူ ဘာတွေ မြင်နေရတာလဲ။ သူ့ရဲ့ သမာသမတ်ကျကာ ဟိတ်ဟန်ကြီးလှသည့် အကိုလျန်က ထို လနတ်ဘုရားမနဲ့အတူ ရယ်မောကာ ငါးဖမ်းနေသည်တဲ့။ ကျူးယင် မျက်နှာက မသာအယာဖြစ်ချင်သွားသည်။ သူမြင်နေရတာက သူ့အကိုရော ဟုတ်ရဲ့လား။ သူ့ရှေ့မှာကျ နာမည်တောင် မကြားချင်လောက်အောင် မုန်းနေတာပါဆို။ ဘယ်နှယ့် အခုကျ အတူတောင် ငါးဖမ်းနေတာလား။ ပြီးတော့ ရေနန်းတော်ရှေ့မှာလေ။ အကိုစစ်က လနတ်ဘုရားမ အကြောင်း ပြောခဲ့လို့ အရိုက်ခံခဲ့ရဖူးသည်။ အခုများ ထို အကိုလျန်က သူမွေးထားတဲ့ ငါးတွေကို လနတ်ဘုရားမနဲ့ ကြည်နူးဖို့ ဖမ်းနေတာများသိရင် ဘယ်နှယ့် လုပ်လိုက်မလဲ။ ထိုစုံတွဲရဲ့ သာယာပုံကို ကြည့်ရင်း ပူပန်မှုဆိုသည်ကိုတောင် ကျူးယင် မေ့ချင်လာရပြီ။
YOU ARE READING
YING &YANG ....Volume3 of Becoming Empress COMPLED
Historical FictionCompleted OC Cover by KyuKyu 💙 This is a Volume3 of Becoming Empress