အပိုင်း ၁၅

1.1K 175 13
                                    

Uni

ပတ်ဝန်းကျင်ကား တိတ်ဆိတ်လွန်းနေခဲ့သည်။ မမြင်ရသည့် အားလှိုင်း၏ ချုပ်ထားမှုတို့ ပျောက်ပျက်သွားသည့်အခါ ကျူးယန် တစ်နေရာသို့ အပြေးအလွှား သွားတော့သည်။ နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားကို အဆုံးစွန်ထိ ထုတ်သုံးပြီး အရောက်သွားနိုင်ရန် ကျူးယန် ကြိုးစားသည်။ ကျူးယင်ရဲ့ အဆောင်ေ၇ှ့ရောက်သည့်အခါ သီကို သူမြင်ရသည်။

တင်ပ္ပလင်ခွေထိုင်နေတဲ့ သီရဲ့ ခေါင်းအထက်တွင် အလင်းလုံး သုံးလုံး မျောနေခဲ့၏။ ထိုအလင်းလုံးတွေက စိတ်ဝိဥာဉ်တွေဖြစ်သည်။ တစ်ခုက အနက်ရောင်ဖြစ်ကာ တောက်ပနေခဲ့ပြီး အနီရောင် စိတ်ဝိဥာဉ်ကလည်း အပူရှိန်ပြင်းစွာဖြင့် တောက်ပနေခဲ့သည်။ ကျန်တစ်ခုကတော့ အစိမ်းနုရောင်ဖြစ်ကာ အတော်လေးကို အားဖျော့နေခဲ့သည်။ ထိုအားဖျော့နေသည့် စိတ်ဝိဥာဉ်မှ အစိမ်းရောင်စွမ်းအင်တို့ အဆက်မပြတ် ထွက်နေခဲ့ကာ ကျန်နှစ်ခုအား အားဖြည့်ပေးနေခဲ့လေသည်။ ကျူးယင်ကိုတော့ ဘေးဘက်တွင် လဲကျနေတာကို မြင်ရသည်။

ကျူးယန်ရဲ့ အမူအယာက ခက်ထန်သွားခဲ့၏။ ဒီကလေးက ဆိုးလိုက်တာ၊ တကယ်ကို မိသားစုကို မကြည့်ဘူးပဲ၊ သူ ဒီလို စတေးလိုက်ရင် ဒီအဖေက ရင်ကွဲပြီး ကျန်ခဲ့မှာကို မသိဘူးလား၊ ဒီအဖေကို စွန့်ပစ်ချင်နေတာလား၊ ဆိုးလိုက်တာ ဒီကလေး အရမ်းဆိုးလိုက်တာ။

ကျူးယန်ရဲ့ မျက်လုံးက အပြာရောင် မျက်ရည်တို့ဖြင့် အိုင်ထွန်းနေခဲ့လေသည်။ ကျူးယင်က သီနဲ့ရှန့်ယန်ကို ကယ်ရန်အတွက် ကိုယ့်စိတ်ဝိဥာဉ်ကိုယ် ထုတ်ကာ လှုပ်နိုးနေခဲ့သည်တဲ့။ဟိုနှစ်ယောက်က နိုးလာပြီး သူက ပြန်မ၀င်နိုင်တော့ရင်ရော၊ ခန္ဓာမရှိတော့လို့ စိတ်ဝိဥာဉ်အသိပြန်ဝင်ပြီး ခန္ဓာတစ်ခု ဖန်ဆင်းတာက နတ်ဘုရားတွေအတွက် ကိစ္စမရှိပေ။ သို့သော်ကျူးယင်က ခန္ဓာလည်း ရှိသေးသေးသည်ကို စိတ်ဝိဥာဉ်ကို ခွဲထုတ်လိုက်ခြင်းဖြစ်၏။ ဒါ့အပြင် သူ့ရဲ့ခန္ဓာက နတ်ဘုရား အဆင့်လည်း မဟုတ်သေးပေ။ စိတ်ဝိဥာဉ်က အရင် အဆင့်တက်တာက ပြဿနာမရှိပေမယ့် ခွဲထုတ်ပြီးမှ နတ်ဘုရားစိတ်ဝိဥာဉ်တစ်ခုကို ပြန်လက်ခံရမည်ဆိုလျှင်ဖြင့် သူ့ရဲ့ အဆင့်နိမ့် ခန္ဓာက မခံနိုင်မည်ကို စိုးရသည်ပေ။

YING &YANG ....Volume3 of Becoming Empress COMPLEDWhere stories live. Discover now