Zawgyi
ကောင်းကင်နန်းတော်၏ ဧည့်ခန်းဆောင်မှ ထွက်လိုက်သည်နှင့် သီ၏ အမူအယာက ခက်ထန်သည့် ဘက်သို့ ပြောင်းသွားသည်။ သူက ကျူးယင်၏ လက်ကို ဖယ်ချကာ နောက်သို့ ခြေတစ်လှမ်းခန့် ဆုတ်လိုက်သည်။ ထို့နောက် နားမလည်သလိုကြည့်လာသည့် ကျူးယင်ကို မျက်လုံးတွေ မှေးကျဉ်းကာ ကြည့်လိုက်၏။
“ မင်း ဘယ်အချိန်က သေမျိုးနယ်ပယ်ဆီ ဆင်းလိုက်တာလဲ”ကျူးယင်သည် ပြုံးတော့၏။ မည်းမှောင်နေလေသည့် မျက်ခုံးထူထူတွေတွင် မီးလျှံတွေ ကခုန်နေသည်က သူ့ကို တမျိုးအတွေး ဝင်စေသည်။
‘ အာ နတ်ဖြစ်တာ ကောင်းလိုက်တာ၊ လုပ်ချင်တာကို လုပ်ချင်သလိုကို လုပ်နိုင်နေတာပဲ။ မျက်ခုံးတွေ မီးလောင်မှာလည်း မပူရဘူးပဲ’ကျူးယင်က သီပြောသည်ကို အာရုံမရဘဲ သူ၏ မျက်ခုံးထံသာ လက်လှမ်းလာသဖြင့် သီ၏ မျက်မှောင်က ကြုတ်သွားတော့သည်။ ကျူးယင်က သိပ်လျှို့ဝှက်သည်။ သူ့ဘာသာ သာ ရှာမတွေ့လျှင် မည်သည်ကိုမှ တော်တန်ရုံ ပြောမပြတတ်ပါလေ၊ သူကသာ အချိန်တိုင်း စိုးရိမ်နေရ၏။သို့သော် ကျူးယင်၏ နူးညံ့လှသည့် လက်သွယ်သွယ်လေးတွေက နေရောင်ကြောင့် တောက်ပနေသည်မှာ ချက်ချင်းပင် ဆွဲကာကိုက်ပစ်ချင်လောက်အောင် အသည်းယားဖွယ် ကောင်းနေပေသည်။ သူ၏ မျက်စိရှေ့ ရောက်လာသည့် ထိုလက်၏ ထိပ်လေးတွေက ရဲနေကြောင်း မြင်ရသည့်အခါ သီသည် ကျူးယင်ကိုသာ သက်ပြင်းချပြီး ကြည့်မိလေတော့သည်။ သူသည် ကျူးယင်၏အ ရာရာကို မည်မျှ မြတ်နိုးကြောင်း ကျူးယင် သေချာသိသည်။ ယခုလည်း တမင်ပင် လက်ထိပ်ကို ရဲအောင်ပြုကာ သူ့ကို အာရုံလွှဲချင်နေပြန်လေပြီ။
မျက်လုံးနား ကပ်လာသည့် ထိုလက်လေးကို ဖမ်းဆွဲလိုက်တော့ သူ၏ လက်ဖဝါးကြီးထဲ ထိုလက်သွယ်သွယ်လေးတွေက နေသားတကျ ပါလာသည်။ ကျူးယင်၏ တောက်ပနေသည့် မျက်ဝန်းလေးတွေက ရွေ့လျားလာကာ သူနှင့် မျက်လုံးချင်းဆုံသည်။ ထိုသို့ဆုံလိုက်သည်နှင့် ပြုံးယောင်သန်းသွားသည့် မျက်နှာ တစ်ခုလုံးက သီ၏ ရင်ကို ဆွလာတော့၏။ သူ သက်ပြင်း ချမိရ ပြန်ပြီ။
“ ကျူးယင် မင်း ထပ်ပြီး ကိုယ့်ကို စိတ်ပြောင်းအောင် လုပ်ပြန်ပြီ”
KAMU SEDANG MEMBACA
YING &YANG ....Volume3 of Becoming Empress COMPLED
Fiksi SejarahCompleted OC Cover by KyuKyu 💙 This is a Volume3 of Becoming Empress