စစ်ဝူရှဲ့ သူ့နှုတ်ခမ်းကရတဲ့ နူးညံ့မှုကို ခံစားရင်း လက်ဖဝါးကရတဲ့ သိပ်မွေ့မှုကို နှမြောတသဖြစ်ကာ နောက်ဆုတ်လိုက်သည်။
စစ်ဝူရှဲ့ရဲ့ အမြဲတည်တင်းနေတတ်တဲ့ မျက်နှာဟာ ကျူးယင်နဲ့အတူရှိတိုင်း ပြုံးနေတတ်ပေမယ့် အခုအခါမှာတော့ မှုန်မှိုင်းလို့နေသည်။
သေချာကြည့်မယ်ဆိုရင် သူ့မျက်၀န်းတွေက နာကျင်နေကြောင်း ပြောပြလိမ့်မည်။“ ယင်လေး ဘာအတွက်လဲ”
ကျူးယင်က နောက်ပြန်ယုတ်သွားတဲ့ စစ်ဝူရှဲ့လက်ကို လှမ်းကိုင်သည်။
ကျူးယင်အရင်လို တုံးမနေတော့မှန်း သူသိတော့ ရောင့်တက်လာမိတဲ့ အတ္တတရားတွေက သူ့ကို နာကျင်စေသည်။
ဘာပဲဖြစ်ဖြစ် သီဆိုတဲ့နတ်သာ တကယ်မရှိတော့ရင် ကျူးယင်က သေချာပေါက် သူ့ကိုချစ်လာမှာပဲ
ဒါပေမယ့် သီနတ်ဘုရား တကယ်မ၇ှိတော့မှသာဖြစ်နိုင်မယ် သူရှိနေသေးသမျှတော့ ဘယ်လိုမှဖြစ်နိုင်မှာမဟုတ်ဘူး ။
သီနတ်ဘုရားသာရှိနေသေးရင် ကျူးယင်က သီကိုချစ်နေသေးတဲ့တစ်ချိန်လုံး သူ့နှလုံးသားအတွက်တင်မဟုတ်ဘဲ ထီးနန်းအတွက်ပါ စိုးရိမ်နေရမည်ပေ။စစ်ဝူရှဲ့ရဲ့နာကျင်နေတဲ့ပုံနဲ့ သီနတ်ဘုရားရဲ့အဖြစ်ကြောင့် စစ်ချီကဘာမှမပြောပေမယ့်လည်း သူလည်းစိုးရိမ်စိတ်မကင်းဖြစ်နေမှာသေချာသည်။
ယင်နတ်ဘုရားရဲ့ ဖူးစာဖက်ဟာ သုံးလောကဘုရင်လို့ အဆိုရှိခဲ့တာမို့… ကျူးယင်ကိုပိုင်ဆိုင်ရသူသာ သုံးလောကဘုရင်ဖြစ်လာမယ့်သဘောပင်။
“ ဝူရှဲ့”
ကျူးယင်ရဲ့အသံက တိုးဖွဖွ၊ မျက်၀န်းတွေက လတစ်စင်းလို တောက်ပပြီး အေးမြတဲ့အရိပ်ကိုထုတ်လွှတ်သည်။ ပတ်၀န်းကျင်ကိုဂရုစိုက်စရာမလိုတဲ့နတ်တစ်ပါးက အအေးဒဏ်ကြောင့်ပဲလား တမင်လုပ်တာလားမသိဘဲ နှာခေါင်းနုနုက ခပ်ရဲရဲဖြစ်နေသည်။
လှလွန်းပါတဲ့ နှုတ်ခမ်းလေးက ခပ်ဟဟဖြစ်နေကာ သူ့ကိုသာငေးစိုက်ကြည့်နေပုံက မဖြစ်နိုင်လောက်သေးတဲ့ လောဘတရားတွေကို လောင်စာတိုးပေးနေသလိုပင်။စစ်ဝူရှဲ့ အညို့ခံရသူလို ကျူးယင်ကိုသာ ကြောင်ပြီးကြည့်နေ၏။
YOU ARE READING
YING &YANG ....Volume3 of Becoming Empress COMPLED
Historical FictionCompleted OC Cover by KyuKyu 💙 This is a Volume3 of Becoming Empress