အပိုင်း ၂၃

1K 123 6
                                    

Zawgyi

သုံးလောကတွင် သတင်း အသစ်တွေ ပျံ့လာပြန်သည်။ယင်နတ်ဘုရားဟာ မိစ္ဆာ အိမ်ရှေ့စံကို တပည့်အဖြစ် လက်ခံကြောင်း  သတင်းထွက်လာပြီးနောက် မိစ္ဆာဘုရင် ကိုယ်တိုင် ရောက်လာခဲ့သည်ဟု ဆို၏။ မိစ္ဆာဘုရင်ဟာ ယင်နတ်ဘုရားထံ အကူအညီ တစ်ခု တောင်းခဲ့ပြီး ထိုအကူအညီကို ယင်နတ်ဘုရားမှ လက်ခံခဲ့သည်ဟု ခိုင်လုံသည့် သတင်း ဖြန့်သူမှ ဆိုလာသည်။သို့သော် ထိုသတင်းတွေအား သီနတ်ဘုရား၏ မီးနန်းတော် တည်နေရာ ပြောင်းသွားသည်ဆိုသော သတင်းက ဖုံးသွား၏။  သီ၏ မီးနန်းတော်ဟာ ပန်းမြို့တော်နှင့် ရေနန်းတော် စပ်ကြား နေရာသို့ ရုတ်တရက် ရောက်သွားခြင်း ဖြစ်သည်။ ထိုသတင်းက သုံးလောက ဆူပွက်သွားစေသည်။ စပ်စုတတ်သော နတ်တွေပင် အကင်ခံရမည်အား စိုးကာ သွားမချောင်းရဲကြချေ။ သို့သော် အားလုံး၏ သိချင်စိတ်ကတော့ဖြင့် အဆုံးအစွန်ထိ ရောက်နေလေသည်။

💙💙💙💙💙💙💙

မီးနန်းတော်တွင် အစောင့် နတ်တွေ မ၇ှိပေ။ ယခင်က ရှိခဲ့ဖူးနိုင်သော်လည်း သီ၏ ဒေါသကို မခံနိုင်သဖြင့် နောက်ပိုင်းတွင် တစ်ပါးမှ မ၇ှိတော့ချေ။ လက်ရှိတွင် ထိုမီးနန်းတော်၏  အမြင့်မြတ်ဆုံးသော နေရာ ပုလ္လတစ်ခုပေါ်တွင် ပျင်းပျင်းရိရိ လှဲနေသည့် တစ်စုံတစ်ရာ ရှိနေသည်။

“ ကောလဟာတွေ ပြန့်တာက မြန်လိုက်တာ၊ မသိရင် တစ်ယောက်ယောက် တမင် ဖြန့်နေသလိုကြီးနော်….”
ပုလ္လင်အား ပျင်းတိပျင်းရွဲ ကျောမှီကာ ထိုင်နေပြီး လက်တင်တွင် လက်ထောက်ကာ ထိုပေါ်တွင်မှ မှေးတင်ထားသည့် ကျူးယင်က လေးတွဲတွဲ အသံနှင့် ပြောသည်။ ထိုအသံက နှင့် သူ၏ နေထိုင်နေဟန်က အနည်းငယ်သာ လှမ်းသည့် နေရာ၇ှိ တစ်စုံတစ်ယောက်၏ ရင်ကို ကုတ်ခြစ်နေသကဲ့သို့ ထင်ရစေသည်။  ကျူးယင်က  ပါးလျလွန်းသည့် အစိမ်းနုရောင် ဝတ်စုံလေးကိုသာ ဝတ်ထားသည်။ တမင်လား မသိလေဘဲ သူ၏ မျက်နှာ ဝန်းကျင်တွင် မှိတ်တုတ်မှိတ်တုတ် လက်နေသည့် အစိမ်းရင့်ရောင် အလင်းစက်လေးတွေ ရှိနေ၏။  သူ မသိမသာ ဖော်ထုတ်ထားသည့်  အရှိန်အဝါက အနား၇ှိ သူကို သွေးဆူစေနိုင်စွမ်း ရှိသည်။ ကျူးယင်၏ လေသံနှင့် ပေါင်းစပ်လိုက်သည့်အခါ ကျူးယင်ဟာ တဖက်သူကို တမင်ဖြားယောင်နေသည်နှင့် တူနေလေတော့သည်။

YING &YANG ....Volume3 of Becoming Empress COMPLEDWhere stories live. Discover now