အပိုင်း ၁၆

1.1K 161 28
                                    

သီ၏ အသံသည် ဖိအားတို့ဖြင့် ပြည့်နေခဲ့၏။ ထိုဖိအားသည် နဉ်နှင့် ကျူးလင်တို့ကဲ့သို့သော အဆင့်မြင့် နတ်ဘုရားတွေပင် အံကြိတ်ကာ တောင့်ခံရသည်။ သူတို့၏ ကိုယ်အား ကာကွယ်ရန် နတ်စွမ်းအင်အား သုံးလိုက်ရပေသည်။ အဝေးမှသာ ကြည့်နေခဲ့သည့် စစ်ချီသည် သီကို ကြည့်ကာ မျက်လုံးမှ အလင်းရောင်တွေ တောက်ပလာခဲ့သည်။ သူသည်သီ၏ အနားသို့ အပြေးအလွှား ရောက်လာ၏။

သီသည် သူ၏ စကားအား မည်သူမျှ ပြန်မဖြေသည့်အတွက် ဒေါသထွက်လာခဲ့သည်။ သူ မည်သည်ကိုမှန်းမသိ စိတ်တိုနေခဲ့သည်။ သူ၏ေ၇ှ့တွင် ရှုပ်ယှက်ခတ်နေသည့် နတ်အုပ်ကို သဘောမကျသည့်အပြင် လှပသည့် နတ်ဘုရားတစ်ပါးအား ဝိုင်းပွေ့ကာ သည်းသည်းလှုပ်နေကြသည့် ကျူးမျိုးနွယ်က နတ်တစ်အုပ်ကိုလည်း သဘောမကျချေ။ ကျူးမျိုးနွယ်တို့သည် ကြီးကျယ်လွန်းကြသည်။ အများရှေ့တွင်ပင် နတ်ဘုရားတစ်ပါးအား ဝိုင်းဖက်နေကြ၏။ သီထံမှ ပြင်းထန်သည့် အကြည့်တွေကြောင့် ကျူးလင်၊ ကျူးလျန်နှင့် ကျူးစစ်တို့ ကြောင်သွားကြသည်။ ဖိအားသည် သူတို့အပေါ်တွင်သာ ရောက်နေသလို ခံစားလာရပေသည်။ ပတ်ဝန်းကျင်မှ နတ်တို့သည်လည်း သီကိုသာ ကြည့်နေကြပေ၏။

သီ၏ အ၇ှိန်အဝါသည် ထိုမျှ မပြင်းထန်သင့်ပေ။ သီသည် ဦးစွာ မွေးဖွားသည့် နတ်ဘုရားဟုဆိုသော်လည်း အဆင့်မြင့် နတ်ဘုရားတွေနှင့် တစ်ဆင့်သာ သာကြောင်း အားလုံးသိကြသည်။ သို့သော်လက်၇ှိသီသည် အရာရာမှ ကွဲထွက်နေခဲ့ကာ သူသည်သာ ဖန်တီးရှင် နတ်ဘု၇ားတစ်ပါးဟူသော ခံစားချက်အား ပေးစွမ်းနေလေသည်။ သီသာ ဆန္ဒရှိလျှင် အရာရာအား ဖျက်ဆီးနိုင်သကဲ့သို့ သူတို့ခံစားလာရသည်။

စစ်ချီသည် သီ၏ အနားသို့ အပြေးအလွှား ရောက်လာသည့်အခါ သီသည် စစ်ချီအား တစ်ချက်ကြည့်လာသည်။ စစ်ချီပင် နောက်ပြန်ဆုတ်မိတော့မတတ် တုန်လှုပ်သွားရလောက်အောင် သီထံမှ ထွက်နေသည့် အ၇ှိန်အဝါသည် ပြင်းထန်လွန်းနေခဲ့သည်။ သီ၏ အကြည့်တွေ ရောက်နေသည့် နေရာအား စစ်ချီ ကြည့်လိုက်ပြီးမှ မသက်မသာ သက်ပြင်းချမိသည်။ ယင်နတ်ဘုရားသည် အလွန် ဒုက္ခပေးနိုင်လွန်းသည့် တည်၇ှိမှုဖြစ်သည်။ သူတို့ သုံးလောက၇ှိ ကြင်ယာတော် မ၇ှိသူတိုင်း ယင်နတ်ဘုရားအား ကြိုက်တော့မည်လား မသိချေ။ သူ၏ သားသည်ပင်.....။ စစ်ချီ ဆက်မတွေးဖြစ်တော့ပေ။ သူ၏ သားသည် သူတို့ကောင်းကင် မျိုးနွယ်အတွက် အရေးကြီးသော်လည်း သီသည် ပိုအရေးကြီးပေသည်။

YING &YANG ....Volume3 of Becoming Empress COMPLEDHikayelerin yaşadığı yer. Şimdi keşfedin