အပိုင်း ၁၈

1K 164 13
                                    



       ရေနန်းတော်အား ပိတ်ထားခဲ့သည့် စွမ်းအင်တွေ ပျောက်ကွယ်သွားသည်မှာ လွန်ခဲ့သည့် သုံးရက်ကတည်းက ဖြစ်သည်။ ထိုအချိန်တွင် ကျူးယန် နတ်ဘုရားသည်လည်း သတိမေ့နေခဲ့သဖြင့် ကျူးတို့သည် ရေနန်းတော်အား ပြင်ဆင်ရန် မအားလပ်တော့ဘဲ အနီးစပ်ဆုံး ပန်းမြို့တော်တွင်သာ သွားနေလိုက်ရသည်။ ကျူးယန် သတိပြန်ရလာပြီးနောက် ရေနန်းတော်ကို ပြန်လည် ပြင်ဆင်သည်။ လက်၇ှိ ရေနန်းတော်သည် ယခင်ထက် များစွာ ခမ်းနားသွားခဲ့ကာ ကျူးအစစ်မဟုတ်လျှင် ၀င်မရစေရန် တင်းကျပ်စွာ ချိတ်ပိတ်လိုက်သည်။

သတိမေ့နေသေးသည့် ကျူးယင်ကို ရေနန်းတော်သို့ ပြန်ခေါ်ချင်သော်လည်း ကျူးယင်အား တင်ထားရာ ပန်းအိပ်ယာသည် တောက်ပသည့် အလင်းတို့ဖြင့် လက်ကာ ကျူးယင်အား နွယ်အဖြစ်ပြောင်းပြီး ဖက်တွယ်ထားသဖြင့် ကျူးယန် လက်လျှော့လိုက်ရတော့သည်။ ကျူးယင်အား ပြုစုရန် သူတို့သည်လည်း ပန်းမြို့တော်တွင်သာ နေလိုက်ရသည်။ ပန်းမြို့တော်သည် ယခင်ကတည်းက ကျူးပိုင်နက်တွင် ရှိသည်။ သို့သော်ကျူးယန်သည် ပိုင်နက်တွေအား စိတ်မ၀င်စားသဖြင့် လျစ်လျူရှုထားခဲ့သော်လည်း လက်၇ှိတွင်မြူ ပန်လည် အသုံးပြုရချေပြီ။ ထိုနေရာတွင် နန်းတော်တစ်ခု ဆောက်ထားခဲ့ဖူးသည်မှာ ကံကောင်းသည်ဟု ဆိုရပေမည်။

ကျူးယင် သတိမေ့ပြီး သုံးရက်နှင့် သုံးည ကြာသော်ပန်းမြို့တော်ရှိ ပန်းတိုင်း ပွင့်လန်းလာသည်။ ကျူးယင်အား ဝိုင်းထားသည့် အစိမ်းရောင် အလင်းတွေကိုလည်း အားလုံး မြင်ကြရသည်။ ကျူးယင်ထံမှ ဖြာထွက်နေသည့် အ၇ှိန်အဝါသည် သူတို့၏ စိတ်အား အေးချမ်းစေသည်။ မျက်လုံးတွေ ပိတ်ထားသေးသော်လည်း ကျူးယင်၏ စွမ်းအင်သည် လှုပ်၇ှားလာချေပြီ။

ကော့စင်းကာ အစိမ်းနုရောင် အလင်းစက်လေးတွေ တွဲလိုခိုနေသည့် မျက်တောင်တွေသည် တဖျက်ဖျက် လှုပ်လာသည်။ ညီတန်းနေသည့် အပြာရင့်ရောင် မျက်ခုံးထူထူက ကြုတ်လာ၏။ဖြောင်းစင်းနေသည့် နှာတံလေးက တစ်စုံတစ်ရာအား မကျေနပ်သည့်အလား ရှုံ့မဲ့မဲ့ပြုသည်။ မျက်လုံးမဖွင့်သေးသော်လည်း ထိုအပြုအမူလေးတွေနှင့်တင် အကိုတွေမှာ စိတ်ချမ်းသာရပြီ။ ကျူးယင်၏ သဘာဝအတိုင်း စိုနိုနေသည့် နှုတ်ခမ်းတစ်စုံက ဆူမဲ့မဲ့ဖြစ်လာပြီးနောက် ထိုနေရာမှ ခပ်တိုးတိုး ညည်းသံက ထွက်လာသည်။

YING &YANG ....Volume3 of Becoming Empress COMPLEDWhere stories live. Discover now