အပိုင်း(၂) uni
စာပို့ပြီးနောက်ထမင်းတစ်အိုးချက်ခန့်ကြာတော့ တရားသူကြီးဟာ ကျင်းအိမ်တော်ကို ရောက်ရှိလာသည်။ သို့ပေမယ့်မြို့စားမင်းဟာ သူကို အရင်မဝင်ခိုင်းသေးဘဲ အပြင်တွင်ခဏစောင့်ခိုင်းသောကြောင့် စောင့်ဆိုင်းနေရသေးသည်။
ရောက်ရှိလာပြီး အမွှေးတိုင်တစ်တိုင်စာကုန်လွန်သည့် အချိန်လောက်မှ ယွီယန်ဟာ တရားသူကြီးအား စာကြည့်ခန်းထဲသို့ဖိတ်ခေါ်လိုက်သည်။တရားသူကြီးလည်း သူမအနောက်ကိုလိုက်ရင်း စာကြည့်ခန်းထဲရောက်တော့ အပေါ်ကိုမော့မကြည့်ခင် အရိုအသေပြုလိုက်သည်။
စာကြည့်ခန်းထဲတွင်တော့ ဟောင်ရန်ဟာ ကန့်လန့်ကာချထားပြီး သူ၏အပေါ်ဘက်အား မမြင်အောင်ထားလေသည်။ ဘေးတွင်တော့ သူ၏ယောက်ဖတော်က ရပ်နေပြီး ဟောင်ရန်အစားစကားပြောပေးရန်စောင့်နေလေသည်။
ယခုကဲ့သို့ကန့်လန့်ကာအားချထားပြီး အပေါ်ပိုင်းအားမမြင်စေရန် ကာထားသည်မှာ ဟောင်ရန်၏လက်ဟန်ဖြင့်ပြသည်များကို မမြင်စေရန်သာ။ ထို့နောက် ဟောင်ရန်ပြောမည့်စကားများကို ဝူရှင်းကဟောင်ရန်ပြောသလိုမျိုးအသံဖြင့်ပြောမည်။ ဤနည်းဖြင့် မြို့စားမင်း၏ လျိုဝှက်ချက်အား မသိနိုင်တော့။
အရှေ့တွင်အရိုအသေပြုနေသော တရားသူကြီးအား ဟောင်ရန်ကထခိုင်းရန် လက်ဟန်ဖြင့်ပြလိုက်တော့ ဝူရှင်းလည်း ဟောင်ရန်ပြောသည်နှင့်တူစေရန် အလို့ဌာ မာနခက်ထန်သောအသံဖြင့် အမိန့်မည်သောအပြောနှင့်အတူ တရားသူကြီးအားထစေလိုက်သည်။
တရားသူကြီးလည်း ထိုစကားအားကြားသည်နှင့် အရိုအသေပြုသည်ကထလိုက်ပြီး
''မြို့စားမင်း...စာထဲမှာရေးခဲ့တဲ့ကိစ္စနှင့်ပက်သတ်ပြီး ဘာများသိချင်လို့ပါလဲ''
အနှီစကားအားကြားသည်နှင့် ဟောင်ရန်ဟာမျက်မှောင်ကြုတ်သွားပြီးလက်အမူအရာဖြင့်
'(အကြောင်းစုံ ပြောခိုင်းလိုက်)'
''မင်းသိသလောက်ပြောပြ''
ဝူရှင်းကား ဟောင်ရန်၏ လက်အမူအရာအတိုင်းပြောလိုက်လေသည်။ ထိုအချိန်ယွီယန်ကအလိုက်သိစွာ ထိုင်ခုံတစ်ခုကို ညွှန်ပြလိုက်ပြီး အရင်ထိုင်ခိုင်းလိုက်လေသည်။ ဧည့်သည်အား မတ်တပ်ရပ်ပြီး စကားပြောခိုင်းသည်ကား ယဉ်ကျေးသည့်ကိစ္စတော့ မဟုတ်သောကြောင့်ဖြစ်သည်။
YOU ARE READING
နှလုံးသားမှရင်ဖွင့်သံ[Complete]
Historical Fictionလောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လိုက္တာ....... အခ်စ္ကဘာမွလုပ္လို့မွမရတာ ....ဘာလို့လိုအပ္မွာလဲ