အပိုင်း(၁၉)

608 59 0
                                    

တစ်လမျှကြာသော်....

        ဘာလိုလိုနှင့်ဒီလိုရှိနေသည်က တစ်လလောက် ရှိတော့မည်။ ဟောင်ရန်အနေနှင့်ကတော့ သူဘာလို့ ဒီမှာရှိနေရတာလဲဆိုတာ မေ့လုနီးပါးရှိနေပြီ။ တာဝန်မကျေပွန်သည့်လူဟု ထင်ရင်ထင်နိုင်ပေမယ့် ထိုအကြောင်းအရာနှင့် ပက်သတ်၍ သဲလွန်စတစ်ခုမှ မရခဲ့ပါ။ ထိုလူပျောက်သတင်းအကြောင်းပါ ထပ်မံမကြားရတော့ချေ။

သို့ပေသော်လည်း သူလွန်ခဲ့သည့်ရက်က သဲလွန်စမမည်သော သဲလွန်စကိုရခဲ့သည်။ သူအလုပ်လုပ်နေသည့် စားသောက်ဆိုင်တွင် စကားပြောနေရင်း ထိုအကြောင်းကို နားစွန်နားဖျားကြားခဲ့ရသည်။

သူတို့က အသံတိုးညှင်းစွာ ​ပြောခဲ့ပေသော်လည်း ဟောင်ရန်ကနားပါးသူဖြစ်သောကြောင့် ကြားနေရသည်။ သူကြားခဲ့သည်ကတော့ ထိုကိစ္စတွင် အားချွမ်ပါ ပါဝင်ပက်သတ်နေသယောင်။

မဖြစ်နိုင်ပါဘူး...သက်သက်အားချွမ်ကို အပုပ်ချနေခြင်းဖြစ်မှာပါ။

"ဟောင်ရန်"

သူတွေးနေမိတုန်း အနောက်မှလာခေါ်သည့် အားချွမ်။ အားချွမ်ကတော့ သူ၏ပါးချိုင့်လေးအား ပေါ်အောင်ပြုံးလိုက်သည်။

"ဒီညပွဲရှိလို့ နောက်ကျမယ်နော်...မစောင့်နဲ့တော့"

အားချွမ်က ​ဟောင်ရန်အား ပြောပြပြီး အလုပ်သွားမည်အပြု ဟောင်ရန်က သူ၏လက်လေးအား ဆွဲလိုက်တော့ အရှိန်လွန်သွားသောကြောင့် သူဟောင်ရန်ရင်ခွင်ထဲ တန်းရောက်သွားလေသည်။

ဟောင်ရန်လည်းချက်ချင်းနောက်ဆုတ်ကာ အားချွမ်ကို ဆွဲထားသော လက်အားဖယ်လိုက်သည်။

'(လာကြိုလို့ရမလား)'

အရင်တုန်းက အားချွမ်က တစ်ယောက်တည်း ညဘက်တွေ အပြင်ထွက်ချင်  ထွက်လိမ့်မည်။ အခုတော့သူရှိနေပြီ သူအားချွမ်ကို စိတ်မချပါ။ ပြီးတော့...ဟိုကိစ္စနှင့်တစ်ခုခုပက်သတ်မည်ဟု ထင်လေသည်။ ထိုအချင်းအရာဟာ အားချွမ်အား သံသယဝင်ခြင်းမဟုတ်ပါ။ အားချွမ်ကိုအပြစ်ပုံချမည်ကို စိုးရိမ်သောကြောင့်ဖြစ်လေ၏။

"ရတယ် "

အစကတော့အားချွမ်အား မနည်းပင်ပြောလိုက်ရမည်ဟု ထင်လိုက်သော်လည်း စင်စစ်တွင်တော့ အားချွမ်ဟာ လက်ခံလိုက်လေသည်။ ဘာပဲဖြစ်ဖြစ် သူ့အတွက်တော့ သက်သာသွားတာပေါ့ ဟုအားချွမ်ကတွေးလိုက်မိခြင်းကြောင့် လက်ခံလိုက်လေသည်။

နှလုံးသားမှရင်ဖွင့်သံ[Complete]Where stories live. Discover now