"ဒီမှာ အိမ်စာချုပ်ပါ"
အပေါင်ဆိုင်မှ လူတစ်ယောက်က အားချွမ်အား အိမ်စာချုပ်ပေးလိုက်သည်။ အားချွမ်သည်လည်း ထိုလူအားငွေထုပ်တွေကိုပေး၍ လက်ထဲမှမြေပိုင်ဆိုင်မှုစာအုပ်ကို ယူလိုက်သည်။
နောက်ဆုံးတော့ သူဒီအိမ်ကို ပြန်ရလေပြီ...
အပေါင်ဆိုင်မှထွက်ထွက်ချင်း အားချွမ်မရောက်တာ ကြာပြီဖြစ်သည့်ထိုအိမ်ကိုသွားလေတော့ အရင်ကအတိုင်းပင်။ အနည်းငယ်တော့ မဟုတ်ပေ အတော်လေးတော့ ဟောင်းနွမ်းနေပြီ။ ထိုအရာဟာ အားချွမ်၏အရင်က မိဘတွေမဆုံးမီကနေခဲ့သော အိမ်လေးဖြစ်သည်။
မိဘတွေဟာ ရှေ့ဆင့်နောက်ဆင့်ဆုံးသွားပြီး ဖခင်၏ လောင်းကစားပွဲကြောင့် အိမ်ကိုပေါင်ခဲ့၍ အကြွေးတွေ ဆပ်ခဲ့ရပြီးအခုလိုမျိုး နေနေရခြင်းဖြစ်လေသည်။
အစကတော့ ပြန်ရရင် ဟောင်ရန်ကိုပါ အတူခေါ်နေမည်ဟု တွေးမိလိုက်ပေမယ့် အခုတော့...
အားချွမ်က သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ ထားလိုက်ပါတော့ ပြီးခဲ့တာပြီးခဲ့ပြီ မဟုတ်ပေလား။
အရင်ဆုံးအိမ်ကိုခဏပြန်လိုက်ကာ စာချုပ်ကိုသေချာ လုံလုံခြုံခြုံသိမ်းထားလိုက်ပြီးမှ အလုပ်နေရာဆီ လာတော့သည်။ အလုပ်နေရာသို့ ရောက်ရောက်ချင်း အဝင်အပေါ်တွင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် သူ၏ရင်ထဲထိတ်ခနဲ။
"ကျွန်တော်တို့မားမားက အဲ့လိုမဟုတ်ပါဘူး...လူကြီးမင်းတို့ အထင်လွဲနေတာပါ"
မန်ယီဟာ သင်းရနံ့ဂေဟာအတွင်းသို့ ဝင်ပြီးသူတို့၏ မားမားကို ဝင်ရှာမည်လုပ်နေသော ရဲမတ်တွေကို တားလိုက်လေသည်။ အနှီရဲမတ်တွေ ပြောသည်ကတော့ သူတို့၏မားမားဟာ ကြံရာပါတစ်ယောက်ပေတဲ့။
"လူကြီးမင်း...ကျွန်တော်က တရားသူကြီးမင်းဟန်ပါ။ တရားခံပြောကြားချက်အတိုင်း ဒီကိုလာရတာပါ"
တရားခံ...ဟူသောစကားကြောင့် အားချွမ်၏မျက်လုံးတို့ ပြူးကျယ်သွားပြီး အနောက်သို့ ခြေလှမ်းဆုတ်မိသွားသည်။ မဖြစ်နိုင်တာ...သူတို့ကို ဖမ်းမိစရာအကြောင်းမှ မရှိတာ။
YOU ARE READING
နှလုံးသားမှရင်ဖွင့်သံ[Complete]
Historical Fictionလောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လိုက္တာ....... အခ်စ္ကဘာမွလုပ္လို့မွမရတာ ....ဘာလို့လိုအပ္မွာလဲ