"ဟူး...."
ကိုယ်တွေပူခြစ်တောက်နေသော အစ်ကိုတော်၏နှဖူးပေါ်တွင် ရေဝတ်အား တင်လိုက်ပြီး ယွီယန်က သက်ပြင်းချလိုက်တော့သည်။ သူမဟာ စိတ်ထဲလေးလံနေသည့်အတွက် သူမအစ်ကိုတော်တစ်ခုခုဖြစ်မည်ဟု စိတ်တို့ကစိုးရိမ်လာသည်။ တကယ်လည်း မိုးတွေသည်းကြီးမည်းကြီး ရွာနေသည်မဟုတ်လား။
ထို့အတွက်ကြောင့်သူမဟာ တားနေသောခင်ပွန်းဖြစ်သူကိုပါ အံ့တုရင်း အစ်ကိုတော်တို့ဆီလာတော့ မြင်လိုက်ရသည့်မြင်ကွင်းကား သူမအစ်ကိုတော်က မိုးရေထဲတွင်ဒူးထောက်နေသည်တဲ့လား။
အဝေးကမြင်သည့် မြင်ကွင်းနှင့်တင် သူမ၏အစ်ကိုတော်ဟာ တုန်ယင်နေမှန်းသိသာနေသည်။ ထို့ကြောင့်သူမလည်း အစ်ကိုဖြစ်သူအားခင်ပွန်းနှင့်အတူ အထဲသို့ထည့်လေသည့်တိုင် ထိုကောင်လေးဟာ ကြောင်ကြည့်နေသေးသည်။
အထဲရောက်တော့ သူမ၏ခင်ပွန်းတို့အား အဝတ်လဲခိုင်းထားပြီး သူမကအားချွမ်မည်သော ကောင်လေးနှင့်စကားပြောမည်အလုပ် ထိုကောင်လေးကို မတွေ့တော့။ ကြည့်ရသည်မှာ ထိုကောင်လေးက အဝတ်တွေသွားလဲသည်ထင်သည်။ သူကြတော့ ဖျားမှာကြောက်ပေသားပဲ။
အဝတ်တွေလဲပြီးတော့မှ သူမအခန်းထဲပြန်ဝင်လာတော့ ချက်ချင်းပင်ကိုယ်တွေပူတက်လာသည့် ဟောင်ရန်။
"တောင်းပန်ပါတယ်..."
အဝတ်အစားလဲပြီး ယခုမှအခန်းထဲဝင်လာသော အားချွမ်က မဝံ့မရဲဆိုလိုက်သည်။ ယွီယန်က တောက်ခေါက်လိုက်လေသည် ထို့နောက် အားချွမ်၏အနားသွားကာ သူမ၏လက်အား လွှဲချလိုက်လေတော့ အားချွမ်၏ ပါးတစ်ဖက်နီရဲသွားသည်။
"ညီမတော် တော်တော့..."
ကိုယ်တွေခြစ်ခြစ်တောက်ပူနေပေမယ့် သတိစိတ်ရှိသေးသော ဟောင်ရန်က ထပြီးတားမည်အပြု ဘေးမှဝူရှင်းက ဟောင်ရန်ထမည်ကို တားလိုက်တော့သည်။
"ပျော်ရဲ့လား...ကျွန်မအစ်ကိုတော်ကို အခုလိုဖြစ်အောင်လုပ်တာ ပျော်ရဲ့လား။ ရှင်ဘာကြောင့် ကျွန်မအစ်ကိုတော်ကို အခုလိုလုပ်ရက်ရတာလဲ"
ယွီယန်၏စကားကြောင့် အားချွမ်မှာ ဘာမှဆက်မပြောနိုင်တော့။ သူကဒူးထောက်ထိုင်ချလိုက်သလို သူ၏မျက်ဝန်းထောင့်မှ မျက်ရည်တို့စီးကျသွားသည်။
YOU ARE READING
နှလုံးသားမှရင်ဖွင့်သံ[Complete]
Historical Fictionလောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လိုက္တာ....... အခ်စ္ကဘာမွလုပ္လို့မွမရတာ ....ဘာလို့လိုအပ္မွာလဲ