အပိုင်း(၆)

1K 80 1
                                    

        မနက်လင်းတော့မည် ဖြစ်ပေသောကြောင့် နေအလင်းရောင်က ထွက်စပြုနေသည့်အချိန် လင်းကြက်တွန်သံက နားထဲသို့ အရင်တိုးဝင်လာသည်။ လင်းကြက်တွန်သံ ကြားသည်နှင့် ထတတ်သော အားချွမ်က အကျင့်ပါနေပြီဖြစ်သောကြောင့်  အသံကြားသည်နှင့်နိုးလာပြီး စောင်ကိုဖယ်ကာ အပျင်းကြောဆန့်လိုက်တော့သည်။

ဒီနေ့တော့ သူဘာကြောင့်မှန်းမသိ။ အရင်နေ့တွေကလို ညလယ်ကြပြန်နိုးခြင်းမရှိဘဲ ကောင်းကောင်းအိပ်စက်ခဲ့ရသည်။

ထဖို့်ပြင်လိုက်ပြီးဘေးက ဟောင်ရန်လည်း ကောင်းကောင်းအိပ်ပျော်နေလားကြည့်မလို့ ဖြစ်ပေမယ့် ဘေးကဟောင်ရန်သည်ကားမရှိတော့။ ထို့အပြင် ဟောင်ရန်က သူ့အားပေးထားသော စောင်ကိုအားချွမ်အား လာခြုံပေးထားသေးသည်။

ဘယ်များရောက်နေတာလဲ...။ဟူသော အတွေးတို့နှင့်အတူ အိမ်အပြင်ကို ထွက်ရှာလိုက်သည်။ အပြင်တွင်လည်းမရှိ။ သို့ပေမယ့် အိမ်ခေါင်မိုးထက်မှ အသံတစ်ခုကို ကြားလိုက်ရသည့်အတွက် အပေါ်အား မော့ကြည့်လိုက်တော့ ဟောင်ရန်ဟာ အိမ်ခေါင်မိုးပေါ်တွင် တက်၍အမိုးအား ပြင်နေခြင်းဖြစ်သည်။

"ဟောင်ရန်...မင်း ဘယ်အချိန်ကတည်းက နိုးနေတာလဲ။ ပြီးတော့ ဒါတွေဘယ်ကရှာလာတာလဲ"

အားချွမ်က အောက်မှနေ၍ အော်ပြောလိုက်သည်။ ထိုအမေးကို ဟောင်ရန်ကားမဖြေ။ အမိုးမှာအတော်လေးပြီးနေပြီ ဖြစ်သည့်အတွက် ညကတည်းက ပြင်နေတာလားတော့မသိ။

သို့ပေမယ့်လည်း တကယ်ကား သူဟောင်ရန်ကို စိတ်ပူခြင်းမဟုတ်ပါ။ သူ၏စိတ်ထဲ၌ မတင်မကျဖြစ်နေသည်။ ဘယ်ကနေပိုက်ဆံရ၍ သွားဝယ်လာတာလဲ ဟူ၍တွေးမိလိုက်ခြင်းပါ။ သူ့ငွေတွေတော့ မဟုတ်လောက်ဘူး မှတ်လား။

မသကာင်္သောစိတ်ကြောင့် အိမ်ထဲသို့ပြေးဝင်ပြီး ဗီရိုကိုဖွင့်ကာ သူ၏ငွေအားစစ်ဆေးလိုက်ရာ ပုံစံမပျတ်ရှိနေသေးသည့်အတွက် သက်ပြင်းချနိုင်တော့သည်။ ထို့နောက်သေချာသည့် နေရာ၌ဖွက်လိုက်ကာ  အားချွမ်က ရေခပ်ပေးလိုက်ပြီး အရှေ့ကိုပြန်ထွက်သွားပြီးနောက် ဟောင်ရန်အား ရေဆင်းသောက်ဖို့ဆိုလေသည်။

နှလုံးသားမှရင်ဖွင့်သံ[Complete]Unde poveștirile trăiesc. Descoperă acum