တစ်နေ့လုံး အလုပ်ရှာနေခဲ့ရာ နောက်ဆုံးတော့ စားသောက်ဆိုင်တစ်ခုတွင် အလုပ်ရသွားခဲ့သည်။ အလုပ်ရရချင်း အိမ်ပြန်မလို့လုပ်ပေမယ့်လည်း ငွေထုပ်လည်း ပါလာသောကြောင့် ဈေးတန်းထဲသို့ ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။ ဈေးတန်းမှာ အတော်လေးကျယ်ပြီး လူလည်း အတော်စည်ပေသည်။ စားသောက်ဆိုင်များ အဝတ်ဆိုင်များနှင့်အတူ အခြားဆိုင်များလည်း အစုံပင်။
ထိုအချိန်တွင် လမ်းဘေးမှ ဆိုင်အသေးလေးတစ်ခုက သူ၏အာရုံအား ဖမ်းစားသွားလေသည်။ ထိုဆိုင်လေးတွင် ဆံထိုးတ်ိုတိုထွာထွာလေးများနှင့်အတူ တန်ဖိုးနည်းသော လက်ဝတ်ရတနာတွေ ပါရှိလေသည်။ ပစ္စည်း၏ပုံစံကိုကြည့်သည်နှင့် ဈေးနည်းမှန်း သူခန့်မှန်းမိလေသည်။ သို့ပေသော်လည်း ထိုပစ္စည်းတွေဟာ လှပလေ၏။
တစ်ဆက်တည်း တွေးမိသည်က အားချွမ်ကလှပသည့် ပစ္စည်းတွေနှင့် လိုက်ဖက်လေသည်။ သူ့အနေအထားနှင့်ဆိုလျှင် တန်ဖိုးကြီးလေသော ပစ္စည်းများကို ဝယ်နိုင်ပေမယ့်လည်း အခုလိုဟန်ဆောင်ထားသည့် ပုံမျိုးနှင့်ဆိုလျှင်တော့ ဝယ်လို့အဆင်မပြေပေ။
ထို့ကြောင့်လည်း ထိုဆိုင်ဆီသွားလေတော့ ဆိုင်ရှင်မိန်းကလေးကပြုံးလိုက်ပြီး
"လူကြီးမင်း...ဘာအလိုရှိလို့ပါလဲ။ ကျွန်မတို့ဆိုင်က ပစ္စည်းလေးတွေကိုကြည့်ပါ ဈေးလေးတွေလည်း တန်ပါတယ်"
ထိုမိန်းကလေးက ပြောလိုက်တော့ ဟောင်ရန်လည်း ခေါင်းသာငြိမ့်လိုက်ပြီး အားချွမ်နှင့် အလိုက်ဖက်ဆုံး အရာတစ်ခုကို ရှာလေသည်။ ထိုအချိန်တွင် ဘေးအစွန်ဆုံးမှ ရွှေရောင် ဆံပင်ညှပ်လေးတစ်ခုကို တွေ့လိုက်၍ လက်လှမ်းလိုက်တော့ ထိုမိန်းကလေးကလည်း အစွမ်းကုန် အမွှန်းတင်လေတော့သည်။
"လူကြီးမင်း...ဒါလေးကဆံပင်နည်းတဲ့လူတွေရော များတဲ့လူတွေအတွက်ရော အဆင်ပြေပါတယ်။ လူကြီးမင်းရဲ့ချစ်သူလေးကို ဆံပင်ကိုယ်တိုင် စည်းပေးပြီး အလှဆင်ပေးရင် လူကြီးမင်းကို ပိုပြီးအချစ်ပိုစေမှာပါရှင်"
သူမ၏ဝတ်ရုံ လက်တစ်ဖက်က ကွယ်လိုက်ပြီး ပြုံးလိုက်ပြီး ဆိုလေသည်။ ဟောင်ရန်ကလည်း ချစ်သူလေးဆိုတဲ့စကားကြားတော့ မသိစိတ်ကကျေနပ်နေမိသည်။
YOU ARE READING
နှလုံးသားမှရင်ဖွင့်သံ[Complete]
Historical Fictionလောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လိုက္တာ....... အခ်စ္ကဘာမွလုပ္လို့မွမရတာ ....ဘာလို့လိုအပ္မွာလဲ