ူ ဟောင်ရန်တစ်ယောက် ထိုကောင်လေး နှစ်ယောက်ခေါ်သွားသော နေရာကိုရောက်တော့ တုပ်တုပ်မှမလှုပ်ဘဲ ဒီအတိုင်း ထိုင်နေလိုက်သည်။ သူ့အားအားချွမ်က ပြန်လာခေါ်မည်ကို စောင့်နေလေရာ အတော်လေးကြာသည်အထိ အားချွမ်ကမလာသေး။
ကြာလာတော့ ထိုကောင်လေးနှစ်ယောက်က စိတ်မရှည်တော့ ပထမကောင်လေးဟာ သက်ပြင်းချလိုက်ကာ ဟောင်ရန်၏ပေါင်ပေါ် တက်ထိုင်လိုက်သည်။ မထင်မှတ်ထားလေသော အပြုအမူကြောင့် ဟောင်ရန်၏ မျက်လုံးအစုံတို့ ပြူးကျယ်ကုန်သည်။
"လူကြီးမင်း...သေရည်ဌဲ့ပေးရမလား"
"..."
ဟောင်ရန် ဘာလုပ်လို့ ဘာကိုင်ရမလဲမသိတော့။ သူ၏ပေါင်ပေါ်သို့ သူမသိသည့် ယောကျာ်းလေးတစ်ယောက် တက်ထိုင်လေသည်ကို မကြိုက်ပေ။ ထိုအချိန်တွင် ဒုတိယကောင်လေးက သစ်သီးပန်းကန်အား ဆွဲယူလိုက်သည်။
"လူကြီးမင်းက ပေးစရာငွေမရှိလို့လား... အဲ့တာ ဆိုရင်တော့စိတ်မပူပါနဲ့...ကျွန်တော်တို့ မားမားက သူ့ဧည့်သည်ကို ကောင်းကောင်းပြုစုရင် ကျွန်တော်တို့က ဆုချမှာမို့လို့ပါ"
အရိပ်အကဲကြည့်တတ်သော ဒုတိယကောင်လေးက ဆိုလိုက်သည်။ ထိုစကားကို ကြားတော့ ဟောင်ရန်ဟာ မျက်မှောင်ကြုတ်သွားပြီး လက်သီးအား ကျစ်ကျစ်ပါအောင် ဆုတ်လိုက်သည်။
ပထမကောင်လေးသည်း ဒါတွေမြင်တော့ တစ်ခုသတိရသွားသလိုပင်။ ထို့နောက်ဟောင်ရန်၏ ပေါင်ပေါ်မှဆင်းလိုက်ကာ-
"လူကြီးမင်းက ယောကျာ်းတွေကို သဘောမကျလို့ပါလား...ဒါဆို စိတ်မပူပါနဲ့ ကျွန်တော် မိန်းကလေး သွားခေါ်ပေးပါမယ်"
ဟူ၍စကားဆိုလိုက်ပြီး ပထမကောင်လေးက ထွက်သွားမည်အလုပ် ဟောင်ရန်ဟာ ယင်း၏လက်အားဆွဲလိုက်ကာ သူ့ဘက်ကိုပြန်လှည့်ခိုင်းလိုက်သည်။ ထိုပထမကောင်လေးလည်း သူအားအလိုရှိသည်ထင်လို့ ပြုံးလိုက်ပြီး ဟောင်ရန်ဘက်ကို လှည့်လိုက်မိသည်။
ဟောင်ရန်ကား သူဘက်လှည့်သည်နှင့် ထိုကောင်လေး၏လက်အား လွှတ်လိုက်ကာ လက်အမူအရာဖြင့် ပြောလိုက်လေသည်။
YOU ARE READING
နှလုံးသားမှရင်ဖွင့်သံ[Complete]
Historical Fictionလောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လိုက္တာ....... အခ်စ္ကဘာမွလုပ္လို့မွမရတာ ....ဘာလို့လိုအပ္မွာလဲ