ညဘက်....
သင်းရနံ့ဂေဟာ၏ သီးသန့်အခန်းထဲတွင် သေရည်ရနံ့တို့က မွှန်ထွန်နေသည်။ မင်းကြီးက ဂေဟာတွေကို နောက်ကျသည့်အထိမဖွင့်ရန် အမိန့်ချထားပေမယ့် ယနေ့မှာတော့ သူကြွယ်တို့က သီးသန့်ဌားထားသည်မို့လို့ နောက်ကျသည်အထိ ဖွင့်ခြင်းဖြစ်သည်။
အခန်းထဲတွင်သူကြွယ် လေးငါးယောက်ရှိပြီး အားချွမ်အပြင် ယောကျာ်းလေးငါးဦးနှင့် မိန်းကလေးငါးဦး တို့လည်းရှိလေသည်။ အားချွမ်ကတော့ ထိုထဲမှလူတစ်ယောက်၏ ပေါင်ပေါ်တွင် တက်ထိုင်နေလေ၏။
"အချောလေး...ဒီသေရည်လေး သောက်ကြည့်ပါ"
အားချွမ်အား သူကြွယ်တစ်ယောက်က သေရည်ခွက်ကို ကမ်းပေးလိုက်သည်။ အားချွမ်မှာလည်း ပြုံးလိုက်ကာ ထိုလူလက်မှ သေရည်ကိုယူသောက်လိုက်လေသည်။
"မားမား...သောက်တာများနေပြီ"
မန်ယီက အားချွမ်တစ်ယောက် မူးနေပြီဆိုတာသိ၍ လက်ထဲမှသေရည်ခွက်အား ယူဖို့လုပ်ပေမယ့် အားချွမ်ကလက်ကို ပုတ်ထုတ်လိုက်လေသည်။ မန်ယီကလည်း သက်ပြင်းချလိုက်လေသည်။ သို့သော် တစ်ယောက်ယောက် စောင့်ကြည့်နေသည်ကို ခံစားရ၍ အပြင်ဘက်တံခါးကို လှည့်ကြည့်လိုက်တော့ တစ်ခုခုမသင်္ကာစရာ ကောင်းလေသည်ကို ခံစားမိ၍
"ကျွန်တော် အပြင်ခဏသွားလိုက်အုန်းမယ်"
ဟုခွင့်တောင်းလိုက်ကာ တံခါးကိုဖွင့်လိုက်တော့ အခြားလူတော့မဟုတ် ဟောင်ရန်ပါလေ။ ဟောင်ရန်ကိုမြင်တော့ မန်ယီမှာ မျှော်လင့်ချက်ဖြစ်သွားသယောင် မျက်လုံးတို့ ဝင်းလက်လာသည်။
ဟုတ်သည်လေ။ သူ၏မားမားက အရက်မူးလျှင် ဘယ်လိုတောင် ကြောက်ဖို့ကောင်းလဲဆိုတာ သူတို့အသိမဟုတ်လား။ စင်စစ်အားဖြင့်ဆိုလျှင် သူပြောတာမကောင်းပေမယ့် တကယ်ကကြောက်ဖို့ကောင်းတာမဟုတ် အရှက်မဲ့ခြင်းပါ။
"အားချွမ်ကို လာခေါ်တာလား"
သူကခေါင်းငြိမ့်လိုက်လေသည်။
"ကောင်းသားပဲ...ကျွန်တော်သွားခေါ်လိုက်မယ်။ ခဏစောင့်..."
မန်ယီလည်း ထိုသို့ပြောလိုက်ကာ အထဲသို့ပြန်ဝင်သွားပြီး လူတွေကို ကျော်ခွကာ အားချွမ်ဆီသို့ရောက်လာပြီး ပခုံးကိုဖက်လိုက်ပြီးနောက်
YOU ARE READING
နှလုံးသားမှရင်ဖွင့်သံ[Complete]
Historical Fictionလောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လိုက္တာ....... အခ်စ္ကဘာမွလုပ္လို့မွမရတာ ....ဘာလို့လိုအပ္မွာလဲ