"ငါ့ရုပ်လေး..."
အားချွမ်က အစိတ်စိတ်အမွှာမွှာကွဲသွားသည့် ကြည့်မှန်ဘေးတွင် ထိုင်လိုက်ရင်း မှန်ကွဲစတွေထဲမှမြင်ကွင်းကြောင့် ငိုချင်ပေမယ့် မငိုနိုင်တော့။ သူ၏လှပသည့်ရုပ်လေးက အခုလိုဆို စုတ်ပြတ်နေသည်။ အခြားလူတွေတော့မသိပေမယ့် သူ့ကိုယ်သူတောင်ကြောက်လန့်နေသည်။
နောက်ဆုံး၌ သက်ပြင်းရှိုက်လိုက်ပြီး အရှေ့ကမှန်ကွဲစတစ်ခုကို လက်လှမ်းလိုက်ပြီး ဆွဲယူကာ လည်ပင်းအား ဖြတ်မည်လုပ်လိုက်တော့...
"ချွမ်အာ...ဘာလုပ်တာလဲ"
အခန်းထဲဝင်လာသော ဟောင်ရန်ဟာ သူ၏အပြုအမူအားမြင်တော့ ထိတ်လန့်သွားပြီး ပြာသလဲလဲဖြင့် အမြန်ဆွဲလုပြီး အောက်သို့ပစ်ချလိုက်သည်။
"ဟောင်ရန်"
အားချွမ်က ခေါ်လ်ိုက်၍ ခပ်တိုးတိုးလေး ရယ်လိုက်သည်။ ထို့နောက် သူ၏အပြုံးတို့ပျတ်သွားပြီး ငြိမ်ကျသွားသလို ခေါင်းငုံ့သွားတော့သည်။
ဒါကိုမြင်တော့ ဟောင်ရန်က အားချွမ်၏ကိုယ်လုံးလေးအား သူ၏ရင်ခွင်ထဲသို့ ထည့်လိုက်တော့သည်။
"ချွမ်အာ...ခဏလောက်ပါပဲ။ ကိုယ်မင်းကို ပျောက်အောင်ကုပေးမှာမို့ ဘာမှမစိုးရိမ်ပါနဲ့"
"အကယ်၍များ...ကျွန်တော် ပြန်ကောင်းမလာရင် ဟောင်ရန်က ကျွန်တော့်ကို...ထားလိုက်တော့"
စကားတို့ဆက်မပြောခဲ့ချေ။ သူကဆက်ပြောဖို့ရာ အင်အားမရှိတော့သလို ခံစားရသည်။
"ပြန်မကောင်းလဲဘာဖြစ်လဲ။ ကိုယ်ချစ်တာက ချွမ်အာလေးလေ...အားချွမ်ဆိုတဲ့ ကောင်လေးလေ။ ရုပ်ချောလို့ကြိုက်တာမှ မဟုတ်တာ"
"ကျွန်တော်က ဟောင်ရန်ထက် ဆယ်နှစ်ကြီးတယ်နော် ကောင်လေးမဟုတ်ဘူး"
ဟောင်ရန်လည်း အားချွမ်စကားကြောင့် ပြုံးမိလိုက်သည်။ သူ့ထက်ဒီကောင်လေးက အသက်ကြီးမှန်းတော့ သူသိတာပေါ့။ သို့ပေမယ့်လည် သူအားချွမ်ကို ဂရုစိုက်ပေးချင်သောကြောင့် သူ့အတွက်တော့ အားချွမ်ဟာကောင်လေးပါလေ။
"ကိုယ်သိပါတယ်။ ဒါထက်...ကိုယ့်ရဲ့တရားဝင်ဇနီးအဖြစ် လက်ခံပါနော်"
YOU ARE READING
နှလုံးသားမှရင်ဖွင့်သံ[Complete]
Historical Fictionလောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လိုက္တာ....... အခ်စ္ကဘာမွလုပ္လို့မွမရတာ ....ဘာလို့လိုအပ္မွာလဲ