''ဘာလုပ်နေတာလဲ...အကုန်ဖမ်းကြ!''
အားချွမ်ဟာ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေကြသည့် ကျန်သည့်လူများကိုအော်ပြောလိုက်ပေမယ့် သူကိုယ်တိုင်ကတော့ ဘာမှမလုပ်ဘဲ ရပ်နေသည်။ သူ၏စကားကြားတော့မှ ကြောင်ကြည့်နေကြသည့် လူတွေဟာအသိစိတ်ကပ်သွားပြီး အကုန်လုံးကိုပြန်ဖမ်းဖို့လုပ်ပေမယ့်...။
''သတိထား''
လျိုမိန်းမကြီး၏သတိပေးသံ။
အရှေ့မှကောင်လေးထဲကတစ်ယောက်ဟာ သူ၏အိတ်ကပ်ထဲမှ အမှုန့်အချို့ကိုယူပြီး အရှေ့ကို ပတ်ဖြန်းလိုက်သကဲ့သို့ တစ်ယောက်ကလည်း အိတ်တစ်အိတ်အား မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ဖောက်...ဟူသောအသံနှင့်အတူ ထိုအထုပ်ထဲမှ အငွေ့တွေထွက်ပေါ်လာပြီး မြူခိုးသဖွယ် ဖုံးအုပ်သွား၍ အားချွမ်တို့ပတ်ပတ်လည် မမြင်ရတော့။
သူ၏အဝတ်ကိုနှာခေါင်းနားသို့ တိုးကပ်လိုက်ကာ တတ်နိုင်သမျှ အနံ့တွေမရှူမိအောင် နေလေသည်။ ယင်းတို့၏ပုံစံကိုကြည့်ရသည်မှာ ယခုလိုမျိုးအဖမ်းခံရရင် ကာကွယ်နိုင်အောင် သင်ကြားပေးခံရသည့် ပုံစံဖြစ်နေသည့်အတွက် အထက်တန်းလွှာကဖြစ်မည်ဟု သဘောပေါက်လာသည်။
သို့ပေမယ့်လည်း အားချွမ်ဟာ သူတို့အား လွယ်လွယ်နှင့် လွှတ်ပေးမည်တော့မဟုတ်။ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ကာ အသက်အောင့်လိုက်ပြီး မျက်လုံးကိုပါ မှိတ်ထားသလို နားကိုအာရုံကာ နားထောင်နေသည်။
ထွက်ပြေးနေသည့်ခြေသံတွေကို အတိုင်းသားကြားရ၍ သူ၏စူးရှသောမျက်ဝန်းက ဖြတ်ခနဲဖွင့်သွားလေသည်။ ထိုအချိန်တွင် အငွေ့တွေ ပျောက်ကွယ်သွားပြီး သူ၏ဘေးဘက်တွင် သူမှလျှင် ကျန်သည့်လူများမှာ မေ့လဲကျသွားလေပြီ။
''ဒီကောင်တွေ ''
အားချွမ်က အံကိုကြိတ်ရင်း ရေရွတ်လိုက်သည်။ ထို့နောက်သူ၏လက်ကို ကျစ်ကျစ်ပါအောင် ဆုတ်လိုက် ခုနကသူအသံကြားသည့်ဘက်ကို ပြေးလိုက်သွားသည်။ အခုချိန်လိုက်ရင်
မှီသေးတယ်...သူတို့ဝေးဝေးတော့ မရောက်နိုင်ပါလေ။
YOU ARE READING
နှလုံးသားမှရင်ဖွင့်သံ[Complete]
Historical Fictionလောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လိုက္တာ....... အခ်စ္ကဘာမွလုပ္လို့မွမရတာ ....ဘာလို့လိုအပ္မွာလဲ