အပို်င်း(၃၈)

698 46 1
                                    

ပူတယ်...
မျက်နှာတစ်ခုလုံးနာကျင်တယ်...
ဘာဖြစ်တာလဲ...

အားချွမ်သတိရရချင်းခံစားလိုက်ရသည် ခံစားချက်ကြောင့် သူဝေဒနာခံစားနေရသည့် မျက်နှာထက်သို့ လက်ဖြင့်ထိကိုင်လိုက်သည်။ ပူလောင်သည့်ခံစားချက်နှင့်အတူ စပ်ဖြင်းဖြင်းခံစားချက်ပါ ဒွန်တွဲနေသည်။

"ချွမ်အာ...မထိနဲ့"

အသံကြား၍ သူမျက်လုံးအားဖွင့်လိုက်တော့ ဟောင်ရန်ကမျက်နှာပေါ်တင်ထားသော သူ၏လက်အားဖယ်လိုက်သည်။ ထို့နောက် ဟောင်ရန်ကသက်ပြင်းချလိုက်သည်။

"တော်သေးတာပေါ့...မျက်လုံးမထိလို့"

အနှီစကားကြောင့် အားချွမ်ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်တော့ သူ့အားမကျေနပ်သည့် ဟောင်ရန့်ညီမကပါသူ့အား စိုးရိမ်တကြီးကြည့်နေကိုတွေ့ရသည်။

သူဘာများဖြစ်တာလဲ သူနောက်ဆုံးသိလိုက်ရတာက တစ်ခုခုကသူ၏နှဖူးအား လာရိုက်သလိုနာကျင်မှုနှင့်အတူ ပူလောင်ခြင်းကိုပါ ခံစားရသည်။
မဟုတ်မှ...

"ဟောင်ရန်...ကျွန်တော့်ကို မှန်ပေးပါ"

လှဲနေရာမှထလိုက်ကာ အားချွမ်ကသူ၏လက်အား ကမ်းလိုက်ပြီးမှန်အား​တောင်းလေရာ ဟောင်ရန်ကလည်း နောက်ကျသိရင်ပိုဆိုးမည်ကို တွေးပူသောကြောင့် ဝူရှင်းအား ကြည့်မှန်သွားယူခိုင်းသည်။

ဝူရှင်းလည်းသွားယူလိုက်ပြီး ကြည့်မှန်အား ကမ်းပေးလိုက်သည်။ အားချွမ်လည်းထိုမှန်အား ယူလိုက်ကာကြည့်လိုက်တော့ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ၏မျက်လုံးတို့ပြူးကျယ်သွားပြီး ကြမ်းပြင်ထက်သို့မှန်လွတ်ကြသွားသည်။

ခွမ်း....

"မဟုတ်ဘူး!ဒါ ကျွန်တော့်ရုပ်မဟုတ်ဘူး!ကျွန်တော်..."

"ချွမ်အာ...စိတ်ထိန်းပါဦး"

အားချွမ်ဟာ သူ၏လက်ရှိရုပ်အား မြင်၍အတော်လေး ထိတ်လန့်သွားပုံပင်။ ဟောင်ရန်လည်း တုန်လှုပ်နေသောအားချွမ်၏ ကိုယ်လုံးလေးအား သူ၏ရင်ခွင်ထဲထည့်လိုက်ကာ နှစ်သိမ့်ပေးနေသည်။

နှလုံးသားမှရင်ဖွင့်သံ[Complete]Where stories live. Discover now