"ယောကျာ်း ဟိုမှာ..."
ယွီယန်တစ်ယောက် သူမ၏ခင်ပွန်းအား ဟောင်ရန်တို့ဘက်ကို လက်ညိုးထိုး၍ ပြောလိုက်လေသည်။
တကယ်တော့ ယွီယန်တို့ဟာ သူမခင်ပွန်းနှင့်အတူဈေးထွက်ဝယ်ရင်းနှင့် ဂေဟာကပြန်လာသော အစ်ကိုတော်တို့နှင့်တွေ့ခြင်းဖြစ်လေသည်။ သို့ပေမယ့် အစ်ကိုတော်တို့ကတော့ သူမတို့အားမမြင်တွေ့သည့်ပုံပင်။
"ဘာလုပ်မလို့လဲ..."
ဝူရှင်းဟာ စကားသွားပြောမည်လုပ်နေသော ယွီယန်၏လက်ကိုဆွဲလိုက်သည်။ မနေ့ကတင် သူမဟာသူမ၏အစ်ကိုတော်ရဲ့အိမ်တော်မှ ဆင်းလာသည်ကို အခုစကားသွားပြောဖို့ ပြင်နေသည်မဟုတ်လား။
"စကားသွားပြောရအောင်"
ယွီယန်က ဘာမှဂရုမစိုက်ဘဲ ခင်ပွန်းဖြစ်သူ၏လက်အားဖယ်လိုက်ကာ သူမ၏အစ်ကိုတော်တို့ အရှေ့တွင် သွားရပ်လိုက်သည်။ ဝူရှင်းလည်း သက်ပြင်းသက်သက်လေးချကာ သူမအတိုင်းသွားတော့သည်။
သူတို့၏အရှေ့တွင်ရပ်သော လူကိုအားချွမ်ထူးဆန်းသလိုကြည့်နေသည်။ အားချွမ်ဟာ သူတို့နှင့်မရင်းနှီးပေမယ့် တစ်နေရာရာမှာ တွေ့ဖူးသလိုဖြစ်နေတော့သည်။
"ညီမတော် ဈေးလာတာလား"
ဟောင်ရန်က မေးခွန်းထုတ်လိုက်သည်။ ထိုအခါမှ အားချွမ်ကလည်းဘယ်မှာတွေ့ဖူးလည်း သတိရတော့သည်။ ဟုတ်သားပဲ သူတို့အကျဉ်းထောင်မှာ တွေ့ဖူးကြတာပဲ၊၊
"ဟုတ်တာပေါ့...အစ်ကိုတော်တို့ကရော..."
ယွီယန်ကပြောလည်းပြော သူမအစ်ကိုတော်ဘေးက ကောင်လေးကိုလည်းအကဲခတ်လို့ခတ် လုပ်နေသည်။ စင်စစ်အားဖြင့်ဆိုလျှင် အနှီငေကာင်လေးဟာ ချစ်ဖို့ကောင်းသည်ကိုတော့ သူမလက်ခံသည်။ သို့ပေမယ့် ဘယ်လိုပဲချစ်ဖို့ကောင်းကောင်း ဂေဟာက...ထားလိုက်တော့...။ သူမ၏အတွေးတို့ကို ဖျတ်လိုက်တော့သည်။
"ချွမ်အာ့က ဂေဟာကနေ အလုပ်ထွက်ကြောင်း လာပြောတာ...ဒီနေ့ကစပြီး ချွမ်အာဘာအလုပ်မှ မလုပ်ရဘူး။ အစ်ကိုတော်တင်ကျွေးမှာ"
"ဘာ!...အစ်ကိုတော်!"
သူမအစ်ကိုတော်ဆီက 'အစ်ကိုတော်တင်ကျွေးမှာ'ဆိုသည့်စကားကြောင့် အော်မိလိုက်သည်။ သူမအစ်ကိုတော်လို မြို့စားမင်းတစ်ယောက်က ဘာမဟုတ်တဲ့လူအတွက်နဲ့ ဒီလောက်ထိတောင် လုပ်ပေးတာလား။ ထို့နောက် သူမကအံကိုကြိတ်၍ အစ်ကိုတော်ဘေးမှ ကောင်လေးနားကပ်လာသည်။
VOUS LISEZ
နှလုံးသားမှရင်ဖွင့်သံ[Complete]
Fiction Historiqueလောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လိုက္တာ....... အခ်စ္ကဘာမွလုပ္လို့မွမရတာ ....ဘာလို့လိုအပ္မွာလဲ