အပိုင်း(၂၉)

596 50 0
                                    

ခဏကြာတော့ ဟောင်ရန်က ဝတ်စုံနှစ်စုံကို ထုတ်လာသည်။ ထို့နောက်ဘောင်ပေါ်တွင် တင်လိုက်ပြီး ရေပြန်စိမ်မလို့ ပြင်လိုက်လေသည်။ ထိုအချိန်တွင် သူမြင်လိုက်သော မြင်ကွင်းကြောင့် စွံ့အသွားလေသည်။

အားချွမ်ဟာ သူ၏ဝတ်စုံများကို အကုန်ချွတ်ချလိုက်ပြီး သူ၏ခန္ဓာကိုယ်တွင် အဝတ်တို့တစ်ခုမှ ကပ်မနေတော့။ ရေထဲတွင်စိမ်ထားသည့် ဖြူစင်ဝင်းပနေသော အသားစိုင်လေးတို့ဟာ ကြည်လင်နေသော ရေကန်ကြောင့် ရှင်းလင်းစွာ မြင်နေရသည်။

"လာလေ...ဘာလုပ်နေတာလဲ"

ညုတုတုအသံဖြင့် အားချွမ်က သမင်လည်ပြန်ကြည့်ရင်း ဆိုလိုက်သည်။ သူ၏အကြည့်တို့က အနည်းငယ်မြူစွယ်နေသည့် ပုံစံမျိုးဖြစ်လေသည်။ ပြီးတော့ သူ၏အကြည့်များဟာ မရိုးသားပေ။ဟုတ်သည်။ သူဟာဟောင်ရန်ကို သက်သက်မြူစွယ်နေခြင်းဖြစ်လေရာ အနည်းဆုံးတော့ ဟောင်ရန်၏ စိတ်နေသဘောထားကို သိရတာပေါ့။

ဟောင်ရန်ဟာလည်း သက်ပြင်းရှည်ကြီး တစ်ခုကိုချလိုက်ကာ ရေကန်ထဲသိုပြန်ဝင်သွားပြီး အားချွမ်အနားကပ်လိုက်ကာ အားချွမ်ကိုပွေ့လိုက်တော့သည်။

"အအေးပက်လိုက်မယ် လာတော့"

"....."

ဟောင်ရန်က စိတ်ထိန်းလိုက်ပြီး ကန်ဘောင်တွင် အားချွမ်အားထိုင်ခိုင်းစေလိုက်ကာ ရေတို့ကိုသေချာသုတ်ပေးလိုက်သည်။ ဆေးလိမ်းရမည်ဖြစ်သောကြောင့် အဝတ်တို့ကိုတော့ မဝတ်ပေးရသေးပါ။ အစကဟောင်ရန်က သူပါရေစိမ်မလို့လုပ်ပေမယ့် အဝတ်တွေအကုန်ချွတ်လိုက်သောကြောင့် ရေစိမ်မည့်အစီစဉ်ကို ဖျတ်လိုက်ရသည်။

အားချွမ်၏အဝတ်တွေကို သေချာဝတ်ပေးပြီးနောက် ဟောင်ရန်က နောက်ကျောပေးလိုက်ကာ သူ၏အဝတ်ကိုပါ ပြန်ဝတ်လိုက်တော့သည်။ ထိုအချိန်တွင် အားချွမ်၏အသံတိုးတိုးလေးက ထွက်ပေါ်လာလေသည်။

"မနေ့ညက...မင်းနဲ့ငါ ဘယ်လိုဖြစ်ခဲ့တာလဲ"

အားချွမ်ဟာ ယခုအခါတွင်တော့ သူအတည်မေးနေခြင်းပါ။  ဘာကိစ္စလည်းဆိုတာတော့ သိပေမယ့် သူဘယ်လိုဖြစ်တာလဲ သေချာသိချင်မိသည်။ သူကပဲ အရင်မြူစွယ်ခဲ့တာတော့ မဟုတ်လောက်ဘူး မှတ်လား။

နှလုံးသားမှရင်ဖွင့်သံ[Complete]Donde viven las historias. Descúbrelo ahora