"အားချွမ်..."
တည်ငြိမ်လေးနက်သော အသံတစ်ခုက သူ့အားခေါ်နေသည်။ သူမျက်လုံးတွေကို ဖွင့်မိတော့ သူကုတင်တစ်ခုတွင်ရောက်နေပြီး သူ၏အပေါ်တွင် ဟောင်ရန်က သူ့အားဖိမိုးထားလျက် ပြုံးပြီးကြည့်နေသည်။
"ဟောင်ရန်...မင်းငါ့ကိုခေါ်လိုက်တာလား"
ဟောင်ရန်သည်ကားမဖြေ။ သူကအားချွမ်၏ ပါးလေးအားထိကိုင်လျက် နှုတ်ခမ်းလေးအား ပွတ်သပ်နေသည်။ နူးညံ့နေသည့် နှုတ်ခမ်းသားလေးက အနည်းငယ်မျှပွင့်ဟလာပြီး ဟောင်ရန်၏အမည်နာမကို ခေါ်ဖို့လုပ်တော့ သူ၏နှုတ်ခမ်းတို့၏ပိတ်ပင်ခြင်းကို ခံလိုက်ရသည်။
ထို့နောက်ဟောင်ရန်၏လျှာက အထဲသို့ဝင်လာပြီး သူ၏လျှာအားစုပ်ယူနေသောကြောင့် အသက်ရူကြပ်ခြင်းကို ခံစားရတော့၍ တွန်းထုတ်လိုက်မိသည်။
"မလုပ်နဲ့..."
သူ၏ဝတ်စုံအားချွတ်လိုက်သည့်ဟောင်ရန်ကြောင့် သူလန့်သွားပြီး အယောင်ယောင်အမှားမှားဖြင့် တွန်းဖယ်မိပြီး ထလိုက်သည်။
ရုတ်တရက်ထထိုင်လိုက်တော့ သူ၏မျက်လုံးတို့ ပွင့်သွားလေသည်။ ထို့နောက်သူသိလိုက်ရသည်က သူအိမ်မက်မက်နေသည်တဲ့လား။ ဘေးတွင်အိပ်ယာသိမ်းနေသည့် ဟောင်ရန်ကလည်း သူ့ကိုဘာများထဖြစ်တာလဲဟူသော အကြည့်မျိုးဖြင့်ကြည့်လိုက်သည်။
အိမ်မက်ဆိုတာသိတော့မှ အားချွမ်သက်ပြင်းချနိုင်တော့သည်။ ဟုတ်သားပဲ ဟောင်ရန်ကစကားမှမပြောနိုင်တာ ထိုအချက်နှင့်တင် သူ့အနေနှင့်အိမ်မက်မှန်း သိသင့်သည်မဟုတ်လား။
ထို့နောက်ဘေးမှဟောင်ရန်အား သေချာကြည့်မိတော့ သူ့အား တစ်ခုခုပြောချင်နေပုံပင်။ မေးအားငေါ့ကာ ဘာလဲဆိုပြီး မေးလိုက်လေတော့ ဟောင်ရန်လည်း ခေါင်းခါလိုက်ပြီး လုပ်စရာရှိရာကို ဆက်လုပ်နေသည်။
ထားလိုက်ပါ...
သူမေးမည့်မေးခွန်းတို့က အားချွမ်ကို စိတ်အနှောင့်အယှက်ဖြစ်စေလိမ့်မည်။ သူအားချွမ်အား အိမ်မက်ဆိုးမက်နေတာသိပေမယ့် ဘာအိမ်မက်လဲ မမေးတော့။
YOU ARE READING
နှလုံးသားမှရင်ဖွင့်သံ[Complete]
Historical Fictionလောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လိုက္တာ....... အခ်စ္ကဘာမွလုပ္လို့မွမရတာ ....ဘာလို့လိုအပ္မွာလဲ