Unicode
တီးလုံးသံစဉ်တွေကြားမှာမြော၀င်ကခုန်နေတဲ့ေကျာ့ရှင်းခန္ဓာကိုယ်လေး,တီးလုံးအကူးအပြောင်းမှာဝိုင်ခွက်လေးကိုဝေ့လိုက်တဲ့လက်သွယ်သွယ်လေးတွေ,ဝိုင်စက်ပေါင်းများစွာစီး၀င်နေတဲ့နှင်းဆီရောင်နှုတ်ခမ်းပါး မြင်သူတကာငေးမောရစေတဲ့ လှသထက်လှပါ၏ဆိုတဲ့အရာအားလုံးကသူ့ထံမှာပဲစုဝေးနေသလား..ထင်ရလောက်အောင်လှပနေသည့်ထိုလူသား အများတကာငေးမောရတဲ့ထိုလူသားဟာ မိန်းကလေးတစ်ဦးမဟုတ်ပဲ ယောက်ျားလေးတစ်ယောက်ဆိုရင်အံ့ဩစရာများဖြစ်နေလေမလား...
"Hey baby.. အဖော်မပါရင် ကိုယ်နဲ့အတူသောက်မလား?"
ကြားနေကြစကားကိုထပ်ကြားရတဲ့လူတယောက်လိုသူစုတ်တချက်သတ်မိတယ်... သူ့နားကပ်တဲ့ထိုအနှီးလူသားအိမ်ကိုခေါင်းမပါပဲပြန်သွားရနိုင်တယ်ဆိုတာကိုမသိရှာတဲ့ပုံပါပဲ.. သူလက်ထဲကဖန်ခွက်ကိုချလိုက်ရင်း...
"ဘာလို့အတူသောက်ချင်တာလဲ?"
ထွက်လာတဲ့ ချိုမြမြအသံကရုပ်ရည်နဲ့လိုက်ဖက်စွာပင်.. သူစီမှာရှိတဲ့အရာအားလုံးကထိုကဲ့သို့ပင်ယစ်မူးစေနိုင်သည်..
"မင်းက အရမ်း~လှ~လို့.. မင်းရဲ့နာမည်လေးသိခွင့်ရှိမလား??"
သူရဲ့မျက်နှာကိုပွတ်သပ်လာတဲ့ထိုသူရဲ့လက်တွေကိုပုတ်ချလိုက်ရင်း..နောက်ဆုံးနေနဲ့စကားတစ်ခွန်းတော့လက်ဆောင်ပါးပေးလိုက်ပါတယ်.....
"တို့ရဲ့နာမည်ကို သေသည်အထိမှတ်သွားလိုက်..တို့ရဲ့နာမည်က...Kim~ Seok~ Jin..."
သူကတော့နောက်ကျောပေးထွက်ခွာလာခဲ့ပေမဲ့ နောက်မှာကျန်ခဲ့တဲ့ထိုသူကတော့ အံ့ဩခြင်းပေါင်းများစွာနဲ့ထိတ်လန့်တုန်လှုပ်နေလေရဲ့... မကြာလိုက်ပါဘူး ထိုသူ့ကိုအနက်ရောင်လူတစ်စုကဖမ်းစီးခေါ်ဆောင်သွားကြတယ်လေ. အဲဒီနေ့ကထိုသူရဲ့လူ့ဘ၀မှာနောက်ဆုံးနေထိုင်ရတဲ့နေ့တနေ့ဖြစ်ခဲ့လေရဲ့.. ထိုသူ့ရဲ့တခုတည်းသောသေစေလောက်တဲ့အမှားကတော့ တစ်ခုတည်းပဲ..အဲဒါကတော့Kim Seok Jin ဆိုတဲ့လူသားကိုပတ်သတ်မိခြင်းပါပဲ...
.
.
.
.
.
ခမ်းနားကြီးကျယ်လှတဲ့ Kimအိမ်တော်ရဲ့ဧည့်ခန်းထဲမှာ ထိုင်ရင်းကော်ဖီသောက်နေတဲ့လူတယောက်.. ထိုသူ့လက်ထဲကကော်ဖီဟာပူနေသလို ထိုသူရဲ့ခံစားချက်တွေဟာလည်းပူလောင်နေတယ်ဆိုတာ မြင်ရသူတိုင်းသတိထားမိလောက်စရာပါပဲ..
YOU ARE READING
Only you (Complete)
Fanfiction'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ်ကမင်းဆိုရင်ငါ့ရဲ့အမုန်းကသူပဲ.... မင်းကိုချစ်သလောက်သူ့ကိုမုန်းတယ်.... မင်းရောငါရောအတွက်သူကအမုန်းခံပဲ.... ဒါပေမဲ့ အမုန်းဆိုတာကလဲရင်ဘက်ထဲကနေရာ...