Unicode
"အကို ဖြည်းဖြည်းလေးပွေ့လိုက်.."
ကလေးငိုသံတွေဆူညံနေတဲ့ဆေးရုံခန်းအတွင်းမှာ
အဖြူရောင်၀တ်စုံနဲ့ကောင်လေးဟာ ကလေးငယ်ကိုထွေးပွေ့လိုက်တယ်.."အံမယ် ကြည့်ပါဦး သူ့အဖေလက်ထဲလည်းရောက်ရော
ရုပ်ကြီးကိုဖြီးနေတာပဲ"ယူရာ့ရဲ့အပြောကြောင့်ဟိုဆော့ စိတ်ပါလက်ပါရီလိုက်မိသည်..
နောက်ဆုံးတော့သမီးငယ်လေးအထူးခန်းကနေ ထွက်လာနိုင်ခဲ့ပီ ဆော့သမီးငယ်လေးရဲ့ပါးလေးနှစ်ဖက်ကို အသာအယာမွှေးကြူလိုက်သည်..သမီးလေးဗြိက်ဆာ၍ငိုနေပုံပင်..ဟိုဆော့ သမီးငယ်လေးအတွက်စိတ်မကောင်းဖြစ်မိသည်..
မိမိလိုလူစီမှာမွေးဖွားခဲ့၍ မိခင်နို့ရည်ကိုပင်မသောက်ရနိုင်တဲ့ သမီးငယ်လေးကြောင့ဟိုဆော့မျက်ရည်ကျမိသည်.."အကိုဟိုဆော့ရယ် ဘာလို့ငိုနေပြန်တာလဲ.. ညီမရဲ့အကိုကလေ ပြုံးတဲ့အချိန်ဆိုရင်နေရောင်ခြည်လေးနဲ့အရမ်းတူတာ.. အဲ့တာကြောင့်အကိုအမြဲပဲပြုံးနေပါနော်"
ယူရာ ဟိုဆော့လက်ထဲက ကလေးကိုပြန်ပွေ့ချီလိုက်ပီး နို့ဗူးလေးတိုက်ထားလိုက်သည်... မကြာမီပင် ထိုကလေးငယ်ပုခက်လေးအတွင်းတွင် အိပ်ပျော်သွားတော့သည်...
"အကို ညီမအကို့စီကနေသိချင်တာတခုရှိတယ်"
ဟိုဆော့ ယူရာ့ကိုတည့်တည့်ကြည့်နေလိုက်သည်..
"အကို့ကို ဒီလိုဖြစ်တဲ့လူက... ဧကန္တ ညီမထင်နေတဲ့လူများလား"
ဟိုဆော့ရဲ့လက်တွေအေးခဲသွားသည်... ထိုနေ့ညဂျီမင့်ကိုဖုန်းဆက်နေရင်း ပြင်းထန်စွာ၀င်တိုက်တဲ့ကားတစ်စီး ထိုကားထဲကထွက်လာတဲ့လူတယောက်..
အရာအားလုံးကို ဟိုဆော့တကယ်ပဲပြန်မတွေးချင်..
ကယ်ပေးပါ လို့ပြောနေသော်ငြားလည်း လှည့်၍ပင်မကြည့ခဲ့သောထိုလူ..မိမိ၏အချစ်ဆုံးသူငယ်ချင်း..ကမ်နမ်ဂျွန်း.."ညီမ ထင်တာမှန်နေတာပဲ..
ညီမ သူ့အကြောင်းတချို့အကို့ကိုပြောစရာရှိတယ်...
ဒါကစည်းမျဉ်းတချို့ကိုဖောက်ဖျက်ရမှာပေမဲ့
အကိုသိသင့်တယ်လို့ညီမထင်တယ်.."
YOU ARE READING
Only you (Complete)
Fanfiction'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ်ကမင်းဆိုရင်ငါ့ရဲ့အမုန်းကသူပဲ.... မင်းကိုချစ်သလောက်သူ့ကိုမုန်းတယ်.... မင်းရောငါရောအတွက်သူကအမုန်းခံပဲ.... ဒါပေမဲ့ အမုန်းဆိုတာကလဲရင်ဘက်ထဲကနေရာ...