Unicode
"အကိုလေး bossကခေါ်ခိုင်းလိုက်လို့ပါ..."
ဂျင်စိတ်ပျက်စွာသက်ပြင်းချလိုက်မိသည်.. ဂျင်ခုံပေါ်က၀တ်လက်စ စိန်နားကပ်အကွင်းလေးကို ဘယ်ဘက်နားမှာတက်လိုက်ပီး ကမ်နမ်ဂျွန်းပေးထားတဲ့အဖိုးတန်နာရီကို လက်မှာပတ်လိုက်တယ်...
"ရပီ... သွားမယ်.."
ဂျင် နမ်ဂျွန်းခေါ်ဖို့လွှတ်လိုက်တဲ့ကားနဲ့လိုက်သွားလိုက်တယ်.. ဒါပေမဲ့ဂျင့်ရဲ့အတွေးထဲမှာတော့ ဒီပွဲကဘာအတွက်ကျင်းပတယ်ဆိုတာကိုစဉ်းစားမရလောက်အောင်ဖြစ်နေတယ်.. ဂျင်တွေးလက်စအတွေးကိုရပ်ပီး ခနလောက်မှိန်းနေလိုက်တယ်...
.
.
.
.
.
.
.
.
"အကိုလေး ရောက်ပါပီ"ဂျင်အိပ်ချင်မူးတူးနဲ့မျက်လုံးဖွင့်ကြည့်လိုက်တော့ မျက်စိရှေ့ရောက်နေတာက တခါမှမရောက်ဖူးခဲ့တဲ့ကမ်နမ်ဂျွန်းရဲ့ကုမ္ပဏီ...
'ကမ်နမ်ဂျွန်း ခင်များဘာလုပ်ဖို့ကြံနေတာလဲ.. ကျွန်တော်နဲ့လက်ထပ်ထားတာကိုဘယ်သူ့ကိုမှမသိစေချင်လို့ ခင်များပဲ ကုမ္ပဏီကိုမလာခိုင်းခဲ့တာမဟုတ်လား.. အခုမှဘာအရူးလုပ်ရပ်တွေလုပ်နေရတာလဲ..'
ဂျင် ကားပေါ်ကနေဆင်းလိုက်ပီး ကုမ္ပဏီထဲကို၀င်လိုက်တယ်...
.
.
.
.
.
.
.
.
"ဂျန်းကု မင်းတကယ် ဒီပွဲကိုတက်မှာလား.."ဂျန်းကု ထယ်ယောင်းကိုချက်ကြည့်လိုက်တယ်
"ရောက်တောင်ရောက်တော့မှာကိုအခုမှဘာထဖြစ်တာလဲ?"
"ငါပြောချင်တာက..."ထယ်ယောင်းဘာပြောချင်တယ်ဆိုတာ သူ့ရဲ့မျက်လုံးတွေကိုကြည့်တာနဲ့ဂျန်းကုသိပါတယ်...
"မင်းဘာပြောချင်တာလဲ ငါသိပါတယ်"
"ဒါဆို..."
"မလောပါနဲ့ ငါသူနဲ့ထိပ်တိုက်စုံဖို့အစီအစဉ်မရှိသေးဘူး.. သူဘာလုပ်မယ်ဆိုတာသိချင်ရုံသက်သက်ပဲ..."ထယ်ယောင်းကတော့ ဂျန်းကုကိုကြည့်ရင်းသက်ပြင်းရှည်တခုကိုချလိုက်တယ်..
ဂျန်ကု ထယ်ယောင်းဘက်ကိုတချက်လှည့်ကြည့်ရင်းစကားစပြောလိုက်တယ်.."မင်း ကမ်ဆော့ဂျင်ကိုသိလား.."
"မင်းက ဘာလုပ်မလို့လဲ"ထယ်ယောင်း ဂျန်းကုကိုသေချာစိုက်ကြည့်လိုက်တယ်..
YOU ARE READING
Only you (Complete)
Fanfiction'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ်ကမင်းဆိုရင်ငါ့ရဲ့အမုန်းကသူပဲ.... မင်းကိုချစ်သလောက်သူ့ကိုမုန်းတယ်.... မင်းရောငါရောအတွက်သူကအမုန်းခံပဲ.... ဒါပေမဲ့ အမုန်းဆိုတာကလဲရင်ဘက်ထဲကနေရာ...