Unicode
"Bossစုံစမ်းခိုင်းထားတဲ့ ကမ်ဆော့ဂျင်အကြောင်းအကုန်သိရပါပီ..."
"ဆက်ပြော...."တိတ်ဆိတ်တဲ့ အခန်းထဲမှာထိုလူနှစ်ဦးရဲ့စကားသံတွေသာပျံ့နှံ့နေခဲ့တယ်..
"ကမ်ဆော့ဂျင်က အရင်ကသာမန်လူလတ်တန်းစားထဲကဖြစ်ပီး ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ပီး ဘ၀ကိုအေးအေးဆေးဆေးဖြတ်သန်းခဲ့ဖူးပါတယ်.. ဒါပေမဲ့ လွန်ခဲ့တဲ့သုံးနှစ်ကအကြောင့်ပြချက်မရှိပဲ ကမ်နမ်ဂျွန်းနဲ့တိတ်တဆိတ်လက်ထပ်လိုက်တယ်.. သူများတွေပြောပုံအရဆိုရင်သူတို့အိမ်ထောင်ရေးကလဲပြေလည်ပုံမရဘူး.. ပီးတော့ကမ်ဆော့ဂျင်က ကမ်နမ်ဂျွန်းနဲ့လက်ထပ်ပီးကတည်းကBarတွေClubတွေသွားပီ အပျော်ရှာလေ့ရှိတယ်... ဒါပေမဲ့သူနဲ့ပတ်သတ်တဲ့သူမှန်သမျှနောက်နေ့မိုးမလင်းခင်မှာပဲပျောက်ခြင်းမလှပျောက်ဆုံးကုန်ကြတယ်... ကျွန်တော်စုံစမ်းလို့ရသလောက်ကတော့ဒါပါပဲboss.."
"သူသွားနေကျ Barနာမည်ကဘာလဲ..?"ဂျန်းကုပျင်းရိပျင်းတွဲအသံနဲ့မေးလိုက်တယ်...
"သူသွားနေကျBarကတော့****ပါ boss.. အဲဒီbarကို Min groupရဲ့CEO Min yoongiပိုင်တာပါ.. ကမ်ဆော့ဂျင်က အဲဒီBarမှာ VVIP Cardရှိတဲ့သူတစ်ယောက်ပါ.. အကယ်၍bossအဲဒီမှာသူနဲ့ဆုံချင်တယ်ဆိုရင် အရင်ဆုံးVVIP Cardရအောင်အရင်လုပ်ရမှာပါ.. ဘာလို့ဆို ရိုးရိုးလူတွေက Barရဲ့ အောက်ထပ်တွေမှာပဲပျော်ပါးနိုင်ပီး VVIPတွေကိုတော့ အပေါ်ဆုံးထပ်ဖြစ်တဲ့24လွှာမှာ သီးသန့်ထားလို့ပါပဲ.."
"ဒါဆို အရင်ဆုံး CEO Minနဲ့ဆက်သွယ်ရမယ်ဆိုပါတော့.."
"ဟုတ်ပါတယ်.. ဒါပေမဲ့လွယ်မဲ့ပုံတော့မရပါဘူး..
Bossသိချင်မယ် ထင်လို့ CEO Minအကြောင်းတွေကိုပါစုံစမ်းလာခဲ့ပါတယ်.."
"မင်းတော်သားပဲ...."
"ဒါပေမဲ့ သူ့အကြောင်းက ကမ်ဆော့ဂျင်ထက်ပိုလျှို့ဝှက်ပါတယ်... သူရဲ့လွန်ခဲ့တဲ့ငါးနှစ်နောက်ပိုင်းကအချက်အလက်တွေကိုရှာလို့မတွေ့ပါဘူး.. လွန်ခဲ့တဲ့ငါးနှစ်ကစပီးသူ့ဘ၀က အခုလက်ရှိလိုမျိုးပဲ Min groupရဲ့ CEOဖြစ်နေပါပီ.. သူ့မိသားစု သူငယ်ချင်း ဆွေမျိုးဆိုလို့ ဘာဆိုဘာမှစုံစမ်းလို့မရပါဘူး.. တဦးတည်းသောစုံစမ်းလို့ရတာကတော့ ကမ်ဆော့ဂျင်ပါပဲ.. ကမ်ဆော့ဂျင်နဲ့ မင်ယွန်းဂီက လွန်ခဲ့တဲ့နှစ်နှစ်လောက်ကမှစဆုံခဲ့တာပါ"
YOU ARE READING
Only you (Complete)
Fanfiction'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ်ကမင်းဆိုရင်ငါ့ရဲ့အမုန်းကသူပဲ.... မင်းကိုချစ်သလောက်သူ့ကိုမုန်းတယ်.... မင်းရောငါရောအတွက်သူကအမုန်းခံပဲ.... ဒါပေမဲ့ အမုန်းဆိုတာကလဲရင်ဘက်ထဲကနေရာ...