Unicode
"ဟေ့ရောင် နမ်ဂျွန်း...
ဟိုကလေးတွေမလာသေးဘူးလားကွာ ကြာလိုက်တာ"စိတ်မရှည်တဲ့ဟိုဆော့ရဲ့အသံအဆုံးမှာ နမ်ဂျွန်းပြုံးလိုက်မိသည်...
"မင်းကို ဘယ်သူကငါနဲ့လိုက်ခိုင်းလို့လဲ ဟိုဆော့ရာ"
ဟိုဆော့ နမ်ဂျွန်းရဲ့လက်မောင်းကိုအသာရိုက်လိုက်ရင်း...
"ခွေးကောင် မင်းအထီးကျန်နေမှာစိုးလို့ ငါအဖော်လိုက်ပေးတာလေ အခုတော့မင်းကဒီလိုပြောပီပေါ့
ဟုတ်ပါတယ် မင်းရဲ့ ကမ်ဟယ်ဆူလေးနဲ့တွေ့ရမှာဆိုတော့.."ဟိုဆော့စကားမဆုံးခင်ပဲ နမ်ဂျွန်းပါးစပ်ကိုအမြန်လှမ်းအုပ်လိုက်သည်...
"မင်း ငါနဲ့ဟယ်ဆူ့ကိုလိုက်နောက်မနေနဲ့
သူကြားသွားရင်မကောင်းဘူး"ဟိုဆော့ နမ်ဂျွန်းရဲ့အုပ်ထားတဲ့လက်ကိုကိုက်ချလိုက်ရင်း..
"ဘာမကောင်းတာလဲ
အဲ့ကလေး မင်းကိုကြွေနေတာအသေအချာပါဆိုနေမှ
မင်းရော သူ့ကိုနည်းနည်းလေးမှရင်မခုန်ဘူးလား"နမ်ဂျွန်းထိုအချိန်မှာ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ခဲ့မိသည်...
သို့သော်အဖြေကတော့ ဟယ်ဆူ့အပေါ်ညီငယ်တယောက်ထပ်မပိုနိုင်ပါတဲ့...
.
.
.
.
.
.
.
.
"အကိုနမ်ဂျွန်း"ဟယ်ဆူ့ရဲ့အသံကြောင့် နမ်ဂျွန်းဖတ်လက်စစာအုပ်ကိုပိတ်လိုက်သည်..
ဟယ်ဆူကတော့သူ့ကိုကြည့်ရင်းပြုံးနေလေသည်..
သူသဘောကျရတဲ့အရာတွေထဲမှာ ဟယ်ဆူ့ရဲ့အပြုံးကလည်းတခုအပါအ၀င်ဖြစ်သည်..."အကိုနမ်ဂျွန်း ကျွန်တော်အကို့ကိုချစ်တယ်"
တချိန်မှာကြားရမဲ့စကားမှန်းသိပေမဲ့ ရုတ်တရတ်ဆန်မှုကြောင့် နမ်ဂျွန်းလက်ထဲကစာအုပ်လေးလွတ်ကျသွားသည်...
"ဟယ်ဆူ အကိုက..."
"သိပါတယ် အကိုကျွန်တော့ကိုမချစ်ဘူးဆိုတာ
ဒါပေမဲ့ကျွန်တော်ကြိုးစားခွင့်တော့ရှိတယ်မလား"ဟယ်ဆူ့ရဲ့ငုံနေတဲ့ခေါင်းလေးကို အသာပုတ်ပေးရုံအပြင် နမ်ဂျွန်းမတတ်နိုင်ခဲ့ပါ
မချစ်တဲ့သူချစ်ပါတယ်လို့မပြောနိုင်သလို ကိုယ့်ကိုချစ်နေတဲ့ထိုကလေးကိုလဲ မလှည့်စားချင်ခဲ့မိဘူး..
ဒါပေမဲ့ နမ်ဂျွန်းရဲ့ဆန္ဒတွေဟာပြည့်မြောက်မလာခဲ့ပါဘူး...
.
.
.
.
.
.
.
"မင်း ဒီတခေါက်လုပ်တာတော်သားပဲ ဆက်ကြိုးစားကွာဟုတ်ပီလား"
YOU ARE READING
Only you (Complete)
Fanfiction'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ်ကမင်းဆိုရင်ငါ့ရဲ့အမုန်းကသူပဲ.... မင်းကိုချစ်သလောက်သူ့ကိုမုန်းတယ်.... မင်းရောငါရောအတွက်သူကအမုန်းခံပဲ.... ဒါပေမဲ့ အမုန်းဆိုတာကလဲရင်ဘက်ထဲကနေရာ...