Unicode
"အကိုဟိုဆော့မလား"
ဟိုဆော့ကြားလိုက်ရတဲ့အသံကြောင့် မျက်နှာကိုအတတ်နိုင်ဆုံးပြင်လိုက်ပီးပြုံးပြလိုက်သည်...
"ဂျီမင်ပါလား... ဒါနဲ့ဒီကိုဘလိုလုပ်ရောက်လာတာလဲ"
သားဖွားမီးယပ်ဌာနရှေ့မှာနှစ်ယောက်သား စကားတွေဖောင်ဖွဲ့ဖြစ်ကြသည်...
"ကျွန်တော့အသိတယောက်စီလာတာ... အကိုကရော??"
"ဟင်...? အေး.. ငါလည်းအသိ... အသိစီလာတာ"
"ဒါနဲ့အကိုနေကောင်းရဲ့လား မျက်နှာကလည်းဖြူဖပ်ဖြူရော်နဲ့"
ဂျီမင် ဟိုဆော့ကိုစိတ်ပူစွာမေးလိုက်သည်....
"အဲ့တာငါကမေးရမှာပါ မင်းရောအဆင်ပြေရဲ့လား"
ဂျီမင်ကတော့ဘာမှပြန်မဖြေပဲခေါင်းကိုသာငြိမ့်ပြလိုက်သည်...
"ငါတို့မတွေ့တာကြာပီ အခုတွေ့တုန်းဆိုင်တဆိုင်ထိုင်ပီးစကားပြောရအောင်.. မင်းအားတယ်မလား"
"ဟုတ် အားပါတယ်"
ဟိုဆော့နဲ့ဂျီမင် အနီးနားမှာရှိတဲ့ကော်ဖီဆိုင်ထဲကို၀င်ထိုင်လိုက်သည်.. ဂျီမင်ကတော့ထုံးစံအတိုင်း black coffeeကိုသာသောက်ပီး ကော်ဖီကြိုက်တဲ့ဟိုဆော့ကတော့ထူးဆန်းစွာပင်juiceကိုသာသောက်ခဲ့သည်..
"အကို.."
တိတ်ဆိတ်နေတဲ့စားပွဲဝိုင်းလေးကို ဂျီမင်ကအရင်ဖြိုခွဲလိုက်လေသည်..
"ကျွန်တော်ကလေ မကောင်းတဲ့လူတယောက်မဟုတ်လား..
လူတယောက်ကိုသတ်ယုံတင်အားမရလို့ သူ့ရဲ့မျက်နာကိုပါ အရှက်မရှိယူထားတဲ့မကောင်းတဲ့လူတယောက်မဟုတ်လား.."စကားပြောနေရင်း မျက်ရည်ဝဲလာတဲ့ဂျီမင့်ကိုဟိုဆော့ဘလိုဖြေသိမ့်ပေးရမည်မသိပါ.. ဒါပေမဲ့ဒီကလေးဟယ်ဆူ့ကိုမတော်တဆသတ်မိတာဖြစ်လိမ့်မည်... သူ့ရဲ့ဒီလိုနူးညံ့နဲ့စိတ်ထားနဲ့လူတယောက်ကိုအကြောင်းမဲ့သတ်တာတော့မဖြစ်နိုင်.. အဲ့ဒီအပြင် ဒီကလေးကနမ်ဂျွန်းကိုအရမ်းချစ်သည် မဟုတ်လား.. ဟယ်ဆူသေဆုံးပီးအထီးကျန်နေတဲ့နမ်ဂျွန်းအတွက် သူ့ရဲ့မျက်နှာကိုတောင်ခွဲစိတ်ပြုပြင်ပီးနေခဲ့သည်မဟုတ်လား.. မေ့ဆေးနဲ့မတည့်တဲ့သူ့ကခွဲစိတ်မှုကိုခံယူရင်းဒီအတိုင်းအစိမ်းလိုက်နာကျင်မှုကိုခံစားခဲ့ရသည် မဟုတ်လား.. ဟိုဆော့ တုန်ရီနေတဲ့ဂျီမင့်နေတဲ့လက်လေးတွေကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်သည်...
YOU ARE READING
Only you (Complete)
Фанфик'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ်ကမင်းဆိုရင်ငါ့ရဲ့အမုန်းကသူပဲ.... မင်းကိုချစ်သလောက်သူ့ကိုမုန်းတယ်.... မင်းရောငါရောအတွက်သူကအမုန်းခံပဲ.... ဒါပေမဲ့ အမုန်းဆိုတာကလဲရင်ဘက်ထဲကနေရာ...