Unicode
ဂျင် ဂျန်းကုနဲ့ချိန်းထားသည့်စားသောက်ဆိုင်စီကိုလာလိုက်သည်... ဂျင်စိတ်မလှုပ်ရှားမိအောင်ကြိုးစားနေပေမဲ့ဂျန်းကုကိုအဝေးကမြင်နေရရုံလေးနဲ့တင် ဂျင့်ရဲ့နှလုံးသားဟာခုန်နေပီးသားဖြစ်သည်...
"ဂျင် ရောက်လာပီလား..."
သူ့ကိုလက်ပြနေတဲ့ဂျန်းကုရှိရာစားပွဲဝိုင်းစီကိုဂျင်ပြုံးပြရင်း၀င်ထိုင်လိုက်သည်.. ဂျန်းကုကတော့ဂျင့်ကိုကြည့်ရင်းပြုံးနေရာမှ ဘယ်ဘက်လက်သူကြွယ်မှာ၀တ်ထားတဲ့လက်စွပ် တနည်းအားဖြင့်ပြောရရင် ဂျင်နဲ့နမ်ဂျွန်းရဲ့လက်ထပ်လက်စွပ်စီမှာအကြည့်တွေအဆုံးသတ်သွားတယ်...
"ကျွန်တော်နောက်ကျသွားတာလား"
ဂျန်းကု ဂျင့်အမေးကိုပြုံးရင်းခေါင်းရမ်းပြလိုက်သည်...
"ဒါနဲ့ လက်စွပ်လေးကလှတယ်နော်.. အရင်ကမမြင်မိသလိုပဲ"
ဂျင် လက်မှာ၀တ်ထားတဲ့လက်စွပ်ကိုပြန်ကြည့်လိုက်မိတယ်.. တကယ်တော့ နမ်ဂျွန်းကုတင်ေပါ်မှာပစ်တင်ထားတဲ့လက်စွပ်လေးကိုဘာစိတ်မှမပါပဲပီးပီးရောကောက်၀တ်ခဲ့တာလေ...
"ဂျန်းကုက ဟိုသတင်းစာရှင်းလင်းပွဲကိုလာဖူးတယ်ဆိုတော့ ကျွန်တော့အကြောင်းလည်းအနည်းငယ်တော့သိတယ်မလား.."
"ဂျင်နဲ့ CEO Kimအကြောင်းလား"
ဂျင်ခေါင်းငြိမ့်ပြလိုက်သည်...
"အနည်းငယ်တော့သိပါတယ် ဒါပေမဲ့...."
ဂျန်းကုကစကားဆက်မပြောပဲစိုက်ကြည့်နေတာကြောင့်ဂျင်နေရခက်လာသည်...
"မလိုက်ဖက်ဘူး...."
'ဟုတ်တယ် သူကမင်းနဲ့တကယ်ကိုမလိုက်ဖက်ဖူး.. သူရော သူပေးထားတဲ့ဒီလက်စွပ်ရော မင်းနဲ့မလိုက်ဖက်ဖူး..'
ဂျန်းကုရဲ့စကားအဆုံးမှာ ဂျင် ဂျန်းကုကိုမော့ကြည့်လိုက်မိသည်...
'ခင်များဘာဖြစ်ချင်နေတာလဲ.. အမြဲဘာလို့ကျွန်တော့ကိုရင်ခုန်အောင်လုပ်နေရတာလဲ...'
"အာ.. ဒါနဲ့ဒီမှာ ဂျင့်ပိုက်ဆံအိတ် ပစ္စည်းတွေစစ်ကြည့်လိုက်ပါဦး"
YOU ARE READING
Only you (Complete)
Fanfiction'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ်ကမင်းဆိုရင်ငါ့ရဲ့အမုန်းကသူပဲ.... မင်းကိုချစ်သလောက်သူ့ကိုမုန်းတယ်.... မင်းရောငါရောအတွက်သူကအမုန်းခံပဲ.... ဒါပေမဲ့ အမုန်းဆိုတာကလဲရင်ဘက်ထဲကနေရာ...