Unicode
ဂျန်းကု ဖုန်းကိုကိုင်ရင်း ဆက်ရမလား မဆက်ရမလား တွေဝေနေမိသည်.. ဒါပေမဲ့နောက်ဆုံးတော့ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချပီး ဆော့ဂျင်စီကိုဖုန်းခေါ်လိုက်သည်...
#Hello#
'ဂျန်းကု.. သတိထား သူကဟယ်လိုပဲပြောသေးတာလေ ဘာလို့ရင်တွေဒီလောက်ခုန်နေတာလဲ...'
#Hello ဘယ်သူလဲမသိဘူး#
#ကိုယ်ပါ#
#ကိုယ်ပါဆိုတာဘယ်သူလဲဆိုတာ.. ကျုပ်မှမသိတာ ပြောစရာရှိတာပြော မပြောရင်ချတော့မယ်.. လေကုန်တယ်#
'အဟက် တကယ့်စွာစိလေး'
#ဟိတ်လူ!!#
#ကိုယ်က ဂျန်းကုပါ#
#ဂျန်းကု!!#
ဂျန်းကုအသံမထွက်အောင်အသာလေးရီလိုက်သည်..
#မင်းရဲ့ဟိုနေ့ကပျောက်သွားတဲ့ပိုက်ဆံအိတ်လေ.. အဲ့တာဆိုင်၀န်ထမ်းတယောက်ကသိမ်းပေးထားတယ် နေ့ကအဲ့ဆိုင်ကိုသွားတော့သူကမင်းနဲ့ကိုယ့်ကိုတွဲမှတ်မိနေတာနဲ့ ကိုယ့်စီပေးထားတာ..#
#ဒါဆို ကျွန်တော်ဘယ်အချိန်လာယူလို့ရမလဲ#
#မင်းအဆင်ပြေတဲ့အချိန်ပြောလေ#
#အင်.. ညနေ3နာရီလောက်အဆင်ပြေလား#
#ကိုယ်ကရပါတယ်#
#Ok ဒါဆိုရင် တွေ့မဲ့နေရာ message ပို့လိုက်မယ်#
#Ok#
ဆော့ဂျင် ဖုန်းကိုချပီးသည်အထိပြုံးနေမိတုန်းပင်.. ဆော့ဂျင်မှန်ရှေ့မှာခနမတ်တပ်ရပ်လိုက်ပီး ပြုံးနေတဲ့သူ့မျက်နှာကိုပြန်ကြည့်လိုက်တယ်..
'နှုတ်ခမ်းထောင့်လေးတွေ မင်းတို့ဒီလိုအပေါ်တက်မလာကြာပီပဲ..'
.
.
.
.
.
.
.
ဆော့ဂျင် ဂျန်းကုနဲ့ချိန်းထားတဲ့စီကို သွားဖို့ပြင်နေတုန်း အခန်းထဲရောက်လာတဲ့နမ်ဂျွန်း.."ကမ်ဆော့ဂျင် .."
"ဘာလဲ??!!"ဆော့ဂျင် အော်လိုက်သည်.. နမ်ဂျွန်းကတော့ ကုတင်ပေါ်ကို ဘူးတစ်ဘူးပစ်တင်ပေးလိုက်သည်..
YOU ARE READING
Only you (Complete)
Fanfiction'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ်ကမင်းဆိုရင်ငါ့ရဲ့အမုန်းကသူပဲ.... မင်းကိုချစ်သလောက်သူ့ကိုမုန်းတယ်.... မင်းရောငါရောအတွက်သူကအမုန်းခံပဲ.... ဒါပေမဲ့ အမုန်းဆိုတာကလဲရင်ဘက်ထဲကနေရာ...