*22*

1.3K 159 31
                                    

Unicode

Flashback\\\

Namjoon's pov

"Namjoon hyung.. ကျွန်တော်တို့အပြင်သွားမလို့ လိုက်ဦးမလား?"

နမ်ဂျွန်း အိမ်တံခါး၀စီကိုလှမ်းကြည့်လိုက်တော့... သူ့ကိုအောင်ခေါ်နေတဲ့သူရဲ့ညီငယ်လေးဂျန်းကုရယ် သူမြင်အောင်လက်ပြရင်းရီနေတဲ့ထယ်ယောင်းရယ် သူ့ကိုကြည့်ရင်းရှက်ပြုံးလေးပြုံးနေတဲ့ဟယ်ဆူရယ်... ဒီကလေးသုံးယောက်ဟာသူ့အတွက်တော့ တကယ့်ကိုခင်တွယ်ရတဲ့သူတွေပါပဲ... သူတို့ရှေ့မှာဆိုရင်ဘယ်ကိစ္စပိုမဆိုဖွင့်ပြောလို့ရပီး သူတို့နဲ့အတူဆိုရင်ဘလိုကိစ္စမျိုးကိုမဆိုလုပ်နိုင်လာတယ်..
ဒါပေမဲ့သူတို့ကိုဆုံးရှုံးရလိမ့်မယ်လို့တခါမှမတွေးမိခဲ့ဖူး..

"Namjoon hyungလာဓာတ်ပုံရိုက်ရအောင်"

"တော်ပါပီ ငါမရိုက်တော့ဘူး"

"Hyungကလည်းလာပါ"

နောက်ဆုံးတော့သူတို့ရဲ့စကားကိုမလွန်ဆန်နိုင်တာနဲ့ပဲအတူတူဓာတ်ပုံတွဲရိုက်ခဲ့ကြတယ်..
ဒါပေမဲ့အဲဒီဓာတ်ပုံလေးက သူတို့အတူနောက်ဆုံးတွဲရိုက်ခဲ့တဲ့ ဓာတ်ပုံလေးဖြစ်မယ်ဆိုတာကို ဘယ်သူမှမသိခဲ့ကြပါဘူး....
.
.
.
.
.
.
'ခွပ်!!'

မျက်နှာတည့်တည့်ကိုထိုး၀င်လာတဲ့လက်သီးချက်တွေကြိနမ်ဂျွန်းရှောင်ဖို့မတွေးခဲ့ပါဘူး...

"ဒါ ခင်များလက်ချက်မလားကမ်နမ်ဂျွန်း.. ကျွန်တော့မိဘတွေကခင်များကိုဘလောက်ထိတောင်ချစ်လိုက်ကြသလဲ... ခင်များမို့လို့လုပ်ရပ်တယ်... ခင်များကိုhyungလို့ခေါ်ခဲ့တဲ့ကျွန်တော့်ရဲ့ပါးစပ်ကိုတောင်သနတယ်..ဒီနေ့ကစပီး ခင်များနဲ့ကျွန်တော်နဲ့ဘာမှသက်ဆိုင်မှုမရှိတော့ဘူး... ကျွန်တော်ကျိန်းသေခင်များကိုလက်စားပြန်ချေပြမယ် ကမ်နမ်ဂျွန်း... ခင်များစောင့်နေလိုက်.."

သူ့ပေါ်အားကိုးခဲ့တဲ့ညီငယ်လေးက အခုချိန်မှာရန်သူတွေဖြစ်လာခဲ့ပီ.. ဒါကိုသူဘာမှမခံစားရဘူးဆိုရင်လိမ်ရာကျလိမ့်မယ်...
အဲဒီနေ့ပီးတဲ့နောက်မှာသူ့ရဲ့ညီငယ်လေးဟာ နိုင်ငံခြားကိုသူ့သူငယ်ချင်းထယ်ယောင်းအကူအညီနဲ့ သွားခဲ့တယ်... ထယ်ယောင်းကလည်း သူ့ကိုအမုန်းကြီးမုန်းပီးအဆက်အသွယ်ဖြတ်ခဲ့တယ်... အဲဒီအချိန်မှာသူ့ဘေးမှာရှိခဲ့တဲ့တယောက်တည်းသောသူဟာ ကမ်ဟယ်ဆူ...

Only you (Complete)Where stories live. Discover now