Unicode
"ဟဲ့ ဟိုကလေးကလူသတ်သမားသားလေ"
"ဟုတ်လား ငါတို့ရပ်ကွက်ထဲတော့မထားနိုင်ပါဘူး...
သူ့အဖေလဲဆုံးပီဆိုတော့ မိဘမဲ့ဂေဟာမြန်မြန်ပို့မှအေးမယ်"အခန်းထောင့်လေးမှာ နမ်ဂျွန်း ဒူလေးတွေကိုကွေးကာထိုင်း နားကိုပိတ်ထားလိုက်သည်...တကိုယ်လုံးဒဏ်ရာတွေပြည့်နေတဲ့နမ်ဂျွန်းဟာ ကလေးတယောက်နဲ့ပင်မတူတော့ပါပေ...
နမ်ဂျွန်းအဖေအသက်ရှိတုန်းက အရက်မူးလာတိုင်းသူ့ကိုရိုက်နှက်သည်.. နမ်ဂျွန်းသည်ဉာဏ်အလွန်ကောင်းပီစာတော်ပါသော်လည်း အဖေဖြစ်သူမူးပီးနှိုပ်စက်တဲ့ဒဏ်... တခါတလေကျောင်းစာအုပ်တွေလွယ်အိတ်တွေကို မီးရှိုးပြစ်တာတွေကြောင့် ကျောင်းစာကိုအေးအေးဆေးဆေးမသင်ယူခဲ့ရပါပေ...
ကျောင်းတက်ရတာတောင် ကိုယ့်ဘာသာအရွယ်နဲ့မမျှတဲ့အလုပ်ကြမ်းတွေလုပ်ရင်း ကိုယ့်အားကိုယ်ကိုကိုးကာတက်ရပါသည်...တခါတလေ အဖေဖြစ်သူက မိမိ၏ကျောင်းလခများကိုယူကာ အရက်သောက် ဖဲရိုက်လောင်းကစားပြုသည်များလည်း ရှိသေးသည်...ဒါပေမဲ့နမ်ဂျွန်းဖေဖေ့ပိုမမုန်းပါ...ဖေဖေမရှိတော့နမ်ဂျွန်းကြောက်နေခဲ့ရပါသည်..အခုဆိုရင်လောကထဲမှာသူတယောက်တည်းသာကျန်ရှိတော့သည်မဟုတ်လား...
.
.
.
.
.
.
.
"လူသတ်သမားသားတဲ့ကွ ဟားဟား...
တကယ်တော့ သူရဲဘောကြောင်တဲ့ကောင်ပါကွ ဟားဟား.."နမ်ဂျွန်း လက်သီးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကာ ဒေါသတွေဖြေလျှော့နေမိသည်... မိဘမဲ့ဂေဟာမှာပြဿနာဖြစ်ရင် သူတခြားဘယ်နေရာသွားရမှန်းမသိ...
"မင်းရဲ့အဖေက လူတွေသတ်တာဆိုတော့ မင်းရောမသတ်ချင်ဘူး"
(သတ်ချင်တယ် ငါ့ရှေ့မှာအခုရှိနေတဲ့ မင်းကိုသတ်ပစ်ချင်တယ်)
နမ်ဂျွန်း တစုံတယောက်ရဲ့စကားသံကိုကြားလိုက်ရသည်..
သို့သော်ထိုနေရာတွင် တခြားလူမည်သူမှရှိမနေ...
ထိုနေ့ဖြစ်မည်လား သူ့ဘ၀မှာKim RMဆိုတဲ့လူပေါ်လာတဲ့နေ့....
.
.
.
.
.
.
.
"ဆရာမ!! ဆရာမ!! ကမ်နမ်ဂျွန်း ရန်ဖြစ်နေတယ်"အမောတကောပြေးလာပီးပြောတဲ့ကလေးနောက် ကျောင်းအုပ်ဆရာမကြီးအမြန်လိုက်လာလိုက်သည်...
ဟိုရောက်တော့မြင်လိုက်ရသည့်မြင်ကွင်းကမယုံနိုင်စရာ..
ကမ်နမ်ဂျွန်းဆိုသည့်ကလေးက ထိုသို့လုပ်လိမ့်မည်ဟု သူမမထင်ခဲ့...
![](https://img.wattpad.com/cover/258525284-288-k167846.jpg)
YOU ARE READING
Only you (Complete)
Fanfiction'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ်ကမင်းဆိုရင်ငါ့ရဲ့အမုန်းကသူပဲ.... မင်းကိုချစ်သလောက်သူ့ကိုမုန်းတယ်.... မင်းရောငါရောအတွက်သူကအမုန်းခံပဲ.... ဒါပေမဲ့ အမုန်းဆိုတာကလဲရင်ဘက်ထဲကနေရာ...