Unicode
'တစုံတယောက်အတွက် HE(happy ending)ဖြစ်ဖို့
တစုံးတယောက်က SE(Sad ending)ဖြစ်ပေးရမယ် မဟုတ်လား...
အကယ်၍ အကုန်လုံးအတွက် HEဖြစ်နေမယ်ဆိုရင် လောကကြီးက ဘလောက်တောင်ပျော်စရာကောင်းလိမ့်မလဲ...'
___________________________________
"ကမ်ထယ်ယောင်း ငါ့ကိုလဲပေးချီပါဦး"သမီးဖြစ်သူကိုလက်ပေါ်ကမချဖြစ်နေတဲ့ ထယ်ယောင်းကို ဟိုဆော့ ဆူလိုက်သည်...ထယ်ယောင်းကတော့ အပြုံးမပျက်ပင်...ဆော့ဂျင် သူတို့ကိုကြည့်ရင်း ဂျန်းကုအတွက်စိတ်မကောင်းဖြစ်မိသည်...အကယ်၍ ဂျန်းကုသာ သူနဲ့မဆုံတွေ့ခဲ့ရင် အခုချိန်ကောင်းမွန်တဲ့လက်တွဲဖော်တယောက်နဲ့အတူ မိသားစုလေးတခုကိုပိုင်ဆိုင်နေလောက်ပီလေ...
ပီးတော့သူက အခုထိ ကမ်နမ်ဂျွန်းနဲ့တရား၀င်မကွာရင်းရသေးဘူး..
တကယ်ဆို သူဂျန်းကုအပေါ်မှာ အကြွေးတင်တာတွေများနေပီ..
ဆော့ဂျင် ထိုနေရာကနေထကာ ၀ရန်တာဘက်ကိုထွက်လာလိုက်သည်..."အကို"
အနောက်ကနေ တင်းကျပ်စွာပွေ့ဖက်ခံလိုက်ရပီး နူးညံ့တဲ့ပါးပြင်ပေါ်ကိုဖြတ်ပြေးသွားတဲ့နှုတ်ခမ်းပါးကြောင့် ဆော့ဂျင်ရဲ့နှလုံးခုံသံတွေဗြောင်းဆန်ကုန်သည်....
"ဘာဖြစ်လို့လဲ"
ဆော့ဂျင် အသံကိုထိန်းကာ ပြန်ဖြေလိုက်သည်...
"ဘာမှမဖြစ်ပါဘူး"
"အကိုတခုခု ဖြစ်နေပါတယ် "
ဆော့ဂျင် ဂျန်းကုရဲ့ပွေ့ဖက်ထားတဲ့လက်လေးတွေကို ဆုပ်ကိုင်ထားလိုက်သည်...
"ငါအခုတွေးနေတာကလေ..
ဟိုဆော့တို့မိသားစုလေးက အရမ်းချစ်စရာကောင်းတာပဲလို့"စကားမဆုံးခင်မှာပဲ ဆော့ဂျင်ရဲ့ခန္ဓာကိုယ်လေးဟာဆွဲလှည့်ခံလိုက်ရသည်...
"အကို..."
"အင်း ငါတွေးနေတာ
မင်းကကလေးချစ်တတ်တယ်မလား
မင်းလည်းကလေးလိုချင်မှာပဲ သာမန်မိသားစုလေးလိုချင်မှာပဲ
ဒါပေမဲ့ငါက..."ဂျန်းကု ဆော့ဂျင်ကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်...
"မင်းကလေးလိုချင်ရင် ငါ...."
YOU ARE READING
Only you (Complete)
Fanfiction'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ်ကမင်းဆိုရင်ငါ့ရဲ့အမုန်းကသူပဲ.... မင်းကိုချစ်သလောက်သူ့ကိုမုန်းတယ်.... မင်းရောငါရောအတွက်သူကအမုန်းခံပဲ.... ဒါပေမဲ့ အမုန်းဆိုတာကလဲရင်ဘက်ထဲကနေရာ...