Unicode
"ဂျင်.."
"မင်း ဒီကိုဘာလာလုပ်တာလဲ!!!"
နမ်ဂျွန်း ကြမ်းပြင်ကိုသာကြည့်ရင်း ဂျင့်ရဲ့အမေးစကားကိုပြန်ဖြေလိုက်သည်....
"ကိုယ်မင်းကိုလာခေါ်တာ...."
"မလိုဘူး... နမ်ဂျွန်း ငါမင်းနဲ့ပြန်မလိုက်နိုင်ဘူး..."
နမ်ဂျွန်း ဂျင့်ရဲ့မျက်နှာကိုမကြည့်ပေ အထူးသဖြင့်အခုချိန်မှာဖြစ်နေမဲ့ဂျင့်ရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေပေါ်နေတဲ့မျက်နှာကိုသာ သူမြင်ရင်တကယ်ရင်ကွဲရလိမ့်မယ်.... ဂျန်းကုထိုသူ့ဘေးမှာမရှိနေတော့သည့်တိုင်အောင် သူ့အတွက်နေရာမရှိဘူးတဲ့လား... နမ်ဂျွန်းမယုံချင်ပါ... အထူးသဖြင့် ဂျန်းကုကိုရှုံးရခြင်းကိုနည်းနည်းမှမခံနိုင်ပါ...
ငယ်ငယ်ကတည်းကအရာရာသူဂျန်းကုစီကနေရှုံးခဲ့ရသည်... အခုဂျင့်ကိုပါသူဆုံးရှုံးရတော့မှာလား.. သူဆက်မတွေးချင်ပါ.."နမ်ဂျွန်း မင်းကွာရှင်းစာချုပ်မှာလက်မှတ်အမြန်ထိုးလိုက်ပါတော့"
နမ်ဂျွန်းရဲ့မျက်လုံးထဲမှာ၀မ်းနည်းမှုတွေဖြတ်ပြေးသွားသည့်တိုင်အောင် ဆော့ဂျင်ကတော့သူ့ရဲ့မျက်၀န်းတွေကိုမမြင်နိုင်ခဲ့ပါ....
"တပတ်... အချိန်တပတ်ပဲပေးပါ ဂျင်... ကိုယ်မင်းကိုကွာရှင်းပေးပါ့မယ်"
နမ်ဂျွန်း ဆိုင်ထဲကနေအမြန်ထွက်လာလိုက်သည်... ဆော့ဂျင်ရှေ့မှာသူအားနည်းသည့်ပုံစံကိုမပြချင်ပါ... ကားထဲရောက်ရောက်ခြင်းကျဆင်းလာတဲ့မျက်ရည်တွေကိုသူလက်ခုံနဲ့အသာအယာပွတ်လိုက်သည်...
'ကိုယ်သူ့ကိုမနာလိုတယ် ဂျင်..'
.
.
.
.
.
.
.
.
.
"အကိုဟိုဆော့စီကအဆက်အသွယ်မရဘူးဆိုတာ ဘာသဘောလဲ... ကမ်ထယ်ယောင်း"ဂျီမင့်ရဲ့တကိုယ်လုံးဟာဒေါသကြောင့်တဆတ်ဆတ်တုန်ရီနေလေသည်... ထယ်ယောင်းကတော့ မျက်နှာသေနှင့်သာထိုသူ့ကိုစိုက်ကြည့်နေလေသည်....
"မင်းငါ့ရှေ့ကိုဘလိုပေါ်လာရဲတာလဲ ပတ်ဂျီမင်...
မင်းဟယ်ဆူ့ရဲ့မျက်နှာနဲ့ငါတို့ရှေ့ကိုပေါ်လာရဲသေးတယ်ပေါ့.."
YOU ARE READING
Only you (Complete)
Fanfiction'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ်ကမင်းဆိုရင်ငါ့ရဲ့အမုန်းကသူပဲ.... မင်းကိုချစ်သလောက်သူ့ကိုမုန်းတယ်.... မင်းရောငါရောအတွက်သူကအမုန်းခံပဲ.... ဒါပေမဲ့ အမုန်းဆိုတာကလဲရင်ဘက်ထဲကနေရာ...