Unicode
"ဟေ့ရောင်.. နမ်ဂျွန်း မင်းကျန်းမာရေးမင်းဂရုစိုက်ဦးလေကွာ သွေးပေါင်တွေအရမ်းကျနေတယ်.."
နမ်ဂျွန်း စုတ်တချက်သပ်လိုက်ပီး...
"အဲတာကြောင့် မင်းကိုလာစရာမလိုဘူးလို့ပြောတာပေါ့ ပွစိပွစိနဲ့နားငြီးတယ်"
"မလာလို့ရမလား မင်းကုမ္ပဏီမှာလဲကျသွားတာလေ.. တော်ကြာသေနေရင်ဘလိုလုပ်မလဲ"
နမ်ဂျွန်းလဲ ဆက်မပြောတော့ပဲနေလိုက်သည်..
"ဒါနဲ့မင်းလဲပိန်သွားတယ် နေမကောင်းဘူးလား"
"နည်းနည်း"
"ဂရုစိုက်ဦး ဒါနဲ့ညစာစားသွားဦးလေ"
"တော်ပါပီ.. ငါအခုတလောဘာမှကိုစားချင်စိတ်မရှိဘူး"
"အင်းပါ.. ဂရုစိုက်ဦး"
ဟိုဆော့လည်း နမ်ဂျွန်းအခန်းထဲကနေထွက်ပီး အောက်ထပ်ကိုအဆင်း မီးဖိုချောင်ထဲမှာရေသောက်နေတဲ့ ဆော့ဂျင်နဲ့ထိပ်တိုက်တွေ့တယ်...
"ဂျင် မတွေ့တာတောင်ကြာပီနော်"
ဂျင်ကတော့ ရေခွက်ထဲကရေကိုအကုန်မော့ချလိုက်ပီး..
"အင်း"
"နမ်ဂျွန်းကိုဂရုစိုက်လိုက်ပါဦး"
ဂျင်ကတော့ ဟိုဆော့စကားကိုဂရုမစိုက်ပဲ အပေါ်ထပ်ကိုတက်သွားတယ်..
'ဂျင် ...နမ်ဂျွန်းက သူခံစားချက်ကိုမဖော်ပြတတ်လို့ပါ... ဒါပေမဲ့ငါမြင်နေရတယ်မင်းအပေါ်မှာထားတဲ့သူ့ရဲ့စိတ်ကို'
.
.
.
.
.
.
.
*ဒေါက် ဒေါက် *တံခါးခေါက်သံကြောင့် နမ်ဂျွန်းစာဖတ်နေရာကနေမော့ကြည့်လိုက်တယ်..
"၀င်လာခဲ့"
တံခါးဖွင့်၀င်လာတဲ့သူကတော့ သူထင်မထားတဲ့ ကမ်ဆော့ဂျင်..
"ခင်များ အိပ်သွားပီထင်နေတာ"
"မအိပ်သေးပါဘူး"
"ဆေးသောက်လိုက်ဦး"
ဂျင်လက်ထဲက ဆေးဗန်းကိုမြှောက်ပြလိုက်တယ်..
'ဂျင် မင်းကိုယ့်ကိုဂရုစိုက်ပေးနေတာလား'
နမ်ဂျွန်းလဲ ဆော့ဂျင်ကိုပြုံးပြလိုက်တယ်..
YOU ARE READING
Only you (Complete)
Fanfiction'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ်ကမင်းဆိုရင်ငါ့ရဲ့အမုန်းကသူပဲ.... မင်းကိုချစ်သလောက်သူ့ကိုမုန်းတယ်.... မင်းရောငါရောအတွက်သူကအမုန်းခံပဲ.... ဒါပေမဲ့ အမုန်းဆိုတာကလဲရင်ဘက်ထဲကနေရာ...